အခန်း ၈။ couple ၀တ်ကြမယ်

389 61 2
                                    

အခန်း ၈။ couple ၀တ်ကြမယ်

ဘာလိုလိုနှင့် အချိန်နာရီတို့ကိုရက်ကစားရင်း၊ ရက်ကိုလစားရင်း 'ခိုင်မြဲသောသစ္စာ' ဇာတ်ကား၏ရိုက်ကူးရေးကာလဟာ လအနည်းငယ်မျှကြာမြင့်သွားခဲ့ချေပြီ။

ထို့အတူ သည်ကာလအတွင်း 'မေတ္တာနှောင်ကြိုး'ဇာတ်ကားသည်လည်း အစမှအဆုံးတိုင် ထုတ်လွှင့်လို့ ပြီးခဲ့ပြီဖြစ်သည်။

ဒါရိုက်တာက နာမည်ရှိပြီးသူဖြစ်ပြီး ရိပေါ်တို့နှစ်ဦးစလုံးကလည်း အကောင်းဆုံးကြိုးစားခဲ့ကြသည်။

ထို့အပြင် မူရင်း၀တ္တုသည်လည်း နာမည်ကြီးပေမို့ bromance အသွင်ဖြင့် ပြန်လည်ရိုက်ကူးခြင်းဆိုသော်လည်း drama fan များသာမက novel fan များကလည်း တစ်ခဲနက်အားပေးခဲ့ကြသည်။

သည်နှစ်အတွက် ရုပ်ရှင်ဆုများအတွက်ပင် ရရှိပါစေရန် ၀ိုင်း၀န်းဆုတောင်းပေးကြသည်အထိပင်။ သည့်ထက် ရင်တုန်နေရသည်က နှစ်ယောက်တွဲဆုရရှိပါစေရန် ဆုတောင်းပေးနေကြသော ပရိတ်သတ်များကြောင့်ဖြစ်သည်။

သူတို့နှစ်ဦး ပထမဆုံးအတူရိုက်ကူးခဲ့သည့်ကားပေမို့ သည်ဆုကိုမလိုချင်ဘူးဟုဆိုလျှင် လိမ်ရာကျပေမည်။ သို့သော်လည်း အမျိုးသားနှစ်ဦးအတွဲလိုက်ဆုရဖို့ဆိုတာကတော့ အခွင့်အရေးဟာ တစ်ရာခိုင်နှုန်းလောက်ပင် ရှိနိုင်ပါရဲ့လား မသေချာပေ။

ရိပေါ်ဟာအတွေးစတို့ကို ဖြတ်လိုက်ရင်း ရိုက်ရမည့်scene ပြီးသည်နှင့် သူတို့ရှိရာဆီလျှောက်လာသည့် ရှောင်းကျန့်ကို လှမ်းကြည့်သည်။

သူ့ထောင်ဟွား၏ မျက်နှာတစ်ခုလုံး ချွေးတို့သီးထနေပြီး မောဟိုက်နေပုံရသည်မို့ သူနံဘေးရှိရှောင်ဟိုင်ကိုသာ အလိုရှိသည့်အတိုင်း စေခိုင်းရပြန်သည်။

"ရှောင်ဟိုင် အခင်းစကို အ၀တ်ရေစွတ်ပြီးပွတ်လိုက်"

"ဟုတ်ကဲ့အစ်ကိုကြီး"

ရိပေါ်စေခိုင်းလိုက်သည်နှင့် ရှောင်ဟိုင်က မဖင့်နှေးစေရဘဲ အ၀တ်စတစ်ခုကိုယူ၊ ရေလောင်းချကာ မြေပေါ်တွင်ခင်းထားသည့် အခင်းပေါ်သို့ နေရာအနှံ့ပွတ်လေတော့သည်။

မက်​မွန်​ပွင့်​တို့သက်​​သေတည်​၍ (season 2/COMPLETE)Where stories live. Discover now