| Dear Miss Librarian | [ Thirteen ] [ Unicode ]
ညနေခင်းအစီအစဉ်ဟာ ထင်သလောက်တော့မလွယ်ကူလှ..။ အစားအသောက်တွေပြင်ဆင်ရတာရယ် ၊ ဧည့်ခန်းမှာ Christmas Party အတွက်အလှဆင်ရတာကောနဲ့ အလုပ်တွေရှုပ်လို့..။
ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်မှာလုပ်ရတာဆိုတော့ ဟင်းမချက်တတ်တဲ့ကိုယ်က ဧည့်ခန်းထဲမှာသောင်တင်နေတော့တာပါဘဲ..။ တစ်ချက်တစ်ချက် မီးဖိုထဲကသူမကိုချောင်းရတာလည်းအမော..။
ခဏကြာတော့ မီးဖိုချောင်ထဲကအချို့ကထွက်လာပေမယ့် သူမကကျန်ခဲ့သေးသည်..။ ဒါအခွင့်ကောင်းဘဲလို့တွေးရင်း ကုပ်ချောင်းကုပ်ချောင်းနဲ့ထွက်လာလိုက်သည်..။
" Mina Unnie "
" အို Chaeyoungie အတော်ဘဲ ဒါလေးမြည်းကြည့်ပါလား "
Chaeyoungie လို့ခေါ်လိုက်တိုင်း နှလုံးသားလေးက နေစရာနေရာမရှိတာ သူမကတော့မသိရှာဘူး..။
သူမချက်ထားတဲ့ အသားလုံးကိုခက်ရင်းနဲ့ထိုးပြီး မြည်းလိုက်တော့ အရသာကြောင့်ပြောစရာစကားတောင်ပျောက်ရသည်..။
" ဘာလို့လဲ မကောင်းဘူးလားဟင် "
" အိုးခိုင်မော့ ဒါဘယ်ကစားဖိုမှုးရောက်နေတာလဲဟင် "
" ဟာာ Chaeyoungie ကတော့တကယ်ဘဲ လာစနေတယ် "
" ဟဟဟ Sorry ပါ တကယ်စားလို့ကောင်းလို့ ဘယ်လိုနှိုင်းပြောလိုက်ရမှန်းကိုမသိတော့တာ တကယ် တကယ် တကယ်ကိုအရသာရှိတာဘဲ.."
" အဲလောက်လည်းမဟုတ်ပါဘူး "
" ဟုတ်ပါတယ်ဆို မနက်ကပြောတော့ ဟိုဟင်းရည်တစ်ခုဘဲချက်တတ်တာဆို "
" အင်း ဟီးဟီးးး ဒါကဒီတိုင်းဟိုထည့်ဒီထည့်နဲ့ချက်လိုက်တာပါ "
" အောင်မလေး Chaeng ကတော့ Recipe ကြည့်ပြီးချက်တာတောင် နောက်ဆုံးတော့အမှိုက်ပုံးဘူတာဘဲဆိုက်တာ "
" အဟဟ အဲလောက်လည်းမဆိုးလောက်ပါဘူး နည်းနည်းလေးပိုလိုက်ရမှ"
" ဟီးးဟီး ပင်ပန်းသွားပြီ Mina unnie တခြားသူတွေတော့ဗိုက်ကားအောင်စားကြတော့မယ်ထင်တယ် "
" ဗိုက်ကားအောင်သာမသောက်ရင်ပြီးတာဘဲ ဝယ်လာတဲ့ပုလင်းတွေကိုတွေ့တယ်မလား "
DU LIEST GERADE
| Dear Miss Librarian | | Michaeng |
Fanfictionရွှေအိုရောင်ဆံပင်လေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ စာကြည့်တိုက်မှူးလေးဟာ ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းသွားရတဲ့ အကြောင်းအရင်း ..... ။ - Chaeyoung