Unicode
''အလှလေးကို တက်ဂျိမ်းနေရသည်"ဟု ဖူးယာ အိမ်မက်မက်ခဲ့သည်။တစ်ဖန်လည်း ဖူးယာ၏ အငယ်ကောင်လေးက သေးသေးလေးမို့ အလှလေးက သူ၏ဆန္ဒများ အထွဋ်ထိပ်အထိ မပြီးမြောက်စေသည့် ပစ်မှုဖြင့်လည်း တအီအီ ငိုကြွေးသည်တဲ့။
ထို့နောက်တော့ မည်သည့်နေရာက ရောက်လာမှန်းမသိသည့် ဓားမြှောင်သေးသေးလေးဖြင့်ဘဲ ဖူးယာ၏ အငယ်ကောင်လေးကို တိကနဲ ဖြတ်ချပစ်လိုက်သည်ဆိုပြီး...
''အိုက်ယား...လခွမ်းတဲ့မှ!''
ဖူးယာ အနှီအိမ်မက်ကနေ အပူတပြင်းလေး ရုန်းထွက်လာခဲ့ချိန်မှာဘဲ နှဖူးအထက်က ဝဲကျနေခဲ့သည့် ဆံစတိုတိုလေးများကို စိတ်လက်မရွှင်ပျစွာဖြင့် မျက်ရည်ဝဲမတက် ဆွဲနှုတ်ပစ်မိတော့သည်။ထိုမှသာ အစောပိုင်း ''ဥဥ အဖြတ်ခံလိုက်ရသည်"က အမှန်တကယ်ဘဲ အိမ်မက်တစ်ခုသာ ဖြစ်နေကြောင်းကို အတည်ပြုလိုက်ရသည်။
သူ၏ကိုယ်ပေါ်၌ သေသပ်စွာရှိနေခဲ့သည့် ဝတ်စုံနှင့်အတူ ဘယ်လိုမှပင် မဘယ်လိုနေသော အောက်ပိုင်းကြောင့်လည်း ဖူးယာခမျာ မည်သည်ကိုပင် စိတ်တိုမိသည် မသိ စိတ်တိုနေခဲ့မိတာကတော့ အမှန်။''စီရင်ချက်ချမည်"ဟုသော စကားလုံးကြီးကြီး ကြီးနှင့် အစချီခဲ့ပြီးမှ အဆုံးသက်အထိ သူ့အငယ်ကောင်၏ နောက်ယောကျာ်းကိုသာ ပို၍စိတ်ဝင်စားနေခဲ့သည့် အလှလေး၏ လုပ်ရပ်က တစ်စက်ကလေးမျှပင် သောက်ချိုးမပြေနေဘူးလေ။
ဒေါက်...ဒေါက်!
အခန်းပြင်မှ ကြားလိုက်ရသော တံခါခေါက်သံကြောင့်လည်း ဖူးယာခမျာ နိုးလာကတည်က ခံစားရသည့် အလိုမကျမှုများကို ဝင်လာတော့မည့် ထိုလူ့ထံကိုဘဲ ပုံချမိတော့မလို ဖြစ်သွားခဲ့သည်။အသံထင်းထင်းနှင့်ဘဲ တုန့်ပြန်လိုက်မိသည်။
"ဘယ်သူလဲ ဝင်ခဲ့!''
ဖူးယာ၏ ခွင့်ပြုချက်ရလိုက်သည်နှင့် တံခါးဖွင့်ကာ ဝင်လာခဲ့သည့် ထိုလူက...
နှစ်တစ်သောင်း အမှောင်ညများ ဝတ္ထုကြီး၏ main shouလေး ရှောင်ယွီ ဖြစ်နေခဲ့တာဘဲ။လက်ထဲမှာလည်း ကျောက်စိမ်းဗန်းလေး တစ်ချက်ကို ကိုင်ဆောင်ထားပြီး ဖူးယာရှိရာ ကုတင်ထံကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို အရောက်လှမ်းလာနေခဲ့သည်။
ВЫ ЧИТАЕТЕ
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Исторические романыCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...