Chapter-16

940 84 12
                                    

Lisa's POV

ပြင်းရှတဲ့အနမ်းတွေနဲ့အတူ သူမရဲ့ နူးညံတဲ့ကျောပြင်လေးကို အင်္ကျီအောက်ကနေ လက်နဲ့ အသာအယာထိတွေ့လိုက်တဲ့အခါ သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ထိတွေ့ချင်တဲ့စိတ်က တာကျိုးတဲ့ဆည်လို တားဆီးမရ......

သူ့မရဲ့ နူးညံလှတဲ့ ကြောပြင်လေးဆီကို အထိအတွေ့ရောက်သွားတဲ့အခါ ဆွဲဆောင်မှုအားကောင်းလှတဲ့ ညည်းသံဖွဖွလေးက စိတ်ဆန္ဒတွေကို အဆုံးအစွန်းထိရောက်အောင် တွန်းပို့နေသည့်အလား............

စိတ်ဆန္ဒရဲ့ ခေါ်ဆောင်ရာနောက် လက်တွေက အလိုလိုလှုပ်ရှားရင်း သူမရဲ့ ဗိုက်သားလေးတွေကနေ တစ်ဆင့် အပေါ်ဘက်ကိုတက်ဖို့ ပြင်နေတုန်းမှာပဲ..................ဖုန်းမြည်သံကြောင့်  ကျွန်တော့်လည်ပင်းကို ဖက်တွယ်ထားတဲ့ သူမရဲ့ လက်က ကျွန်တော့်ကို ပုခုံးပေါ်ရောက်လာပြီ ဖြည်းဖြည်းလေးတွန်းဖယ်ရင်း "Lili...ဖုန်းလာနေတယ်"လို့ ဖြည်းညင်းစွာပြောရင်း သတိပေးလာတယ်။ ကျွန်တော် ဘာမှမပြောနိုင်သေးခင်မှာပဲ ချစ်စရာလူသားလေးက မျက်စိတမှိတ်အတွင်းမှာပဲ ခုတင်ပေါ်ကနေ ဆင်းပြေးပြီး ရေချိုးခန်းထဲကိုရောက်နေပြီ။ လူတစ်ယောက်ကို ချစ်မိတဲ့အခါ သူရဲ့ အပြုအမူတိုင်းက ချစ်ဖို့ကောင်းနေပြီး၊ နှုတ်ခမ်းက ထွက်ကျလာတဲ့ အသံတိုင်းက တေးသွားလိုပါလားလို့ တွေးမိပြီး ပြုံးမိတယ်။ 

ရှက်သွေးဖြာပြီး အနီရောင်သန်းနေတဲ့ မျက်နှာလေးကို ဖြစ်နိုင်ရင် တစ်သက်စာအတွက် သိမ်းထားချင်မိတယ်။

ကျွန်တော့်ရဲ့ ချစ်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ အတွေးတွေကို ကြာကြာရှေ့ဆက်ခွင့်မရအောင် ဖုန်းသံက အလိုက်မသိစွာ ထမြည်လာပြန်တော့.....ဒီဖုန်းကို ဆက်လာတဲ့ ဘယ်သူပဲဖြစ်ဖြစ် အစိမ်းလိုက် အပိုင်းပိုင်းပြတ်သွားအောင် ဆုတ်ဖြဲချင်လာမိတယ်။ လက်တွေ့ဘဝကို သာသနာဖျက်ရတာနဲ့တင် မကျေနပ်သေးဘဲ စိတ်ကူးယဉ်တာကိုပါ သာသနာလာဖျက်တာတော့ တော်တော်လွန်နေပြီမလား....?

ငယ်ထိပ်ထိတက်နေတဲ့ ဒေါသတွေနဲ့အတူ ဖုန်းကို ကောက်ကိုင်လိုက်တော့ ကျက်သရေရှိလှတဲ့ Chaeyoung ခေါ် Roseရဲ့သာယာနာပျော်ဖွယ်အသံကြားလိုက်ရတဲ့အချိန် ဒေါသတွေက သူ့အပေါ် ပေါက်ကွဲထွက်လာရော....

Love Of My LifeWhere stories live. Discover now