" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈အပိုင်း ( ၂၇ )
LGBT လေးတွေရဲ့ ပွဲတစ်ပွဲလုပ်နေကြလေတော့သည်။ သူတို့ဘဝလေးတွေရဲ့ ကြုံဆုံရပုံများ၊ အသိပညာပေးစရာများ၊ သင်ခန်းစာများ၊ ကျန်းမာရေးနှင့် လိင်မှုကိစ္စများ၊ လူနေမှုပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်မှ အခက်အခဲများ၊ အချစ်ရေးနယ်ပယ်မှ အခက်ခဲများ၊ သီဆိုဖျော်ဖြေမှုများ အစုံအလင်ကိုပါရှိပါပေသည်။ ထိုပွဲလေးကိုလည်း LGBT နယ်ပယ်မှ လူများ၊ LGBT ကိုထောက်ခံအားပေးသူများနှင့် စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြလေတော့သည်။ ထိုပွဲလေးဟာ တော်တော်လေးကို စည်ကားနေပြီး ယနေ့ LGBT လေးတွေအတွက် အရမ်းကို ဂုဏ်ယူစရာပွဲလေးလည်း ဖြစ်သလို အသိပညာပေးသော ပွဲလေးဖြစ်သည်။
စစ်မင်းဟုန်နှင့် ဝသုန်ဦးတို့နှစ်ယောက်လည်း ထိုပွဲလေးကို တက်ရောက်ခဲ့ကြလေတော့သည်။ ရိုးရိုးတက်ရောက်ခဲ့တာတော့ မဟုတ်ပေ။ ရုပ်ဖျက်ပြီး ရိုးရိုးပွဲတက်သူတွေအနေနဲ့သာ တက်ရောက်ခဲ့ကြလေတော့သည်။ ထိုပွဲလေးရဲ့ အဖွင့်မှာစကားကို စစ်မင်းဟုန်ရဲ့ ဘန်ကောက်မှ အင်တာဗျူးစကားနှင့် ဖွင့်ပြောခဲ့ကြပြီး LGBT နယ်ပယ်ရဲ့ အရေးပါသော စကားဖြစ်ကြောင်း ဂုဏ်ပြုခဲ့ကြပေတော့သည်။ ထိုပွဲလေးမှလည်း တကယ့်လက်ရှိလူနေမှုဘဝမှာ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို စစ်မင်းဟုန်တစ်ယောက် နားလည်သွားလေတော့သည်။
ပွဲလေးပြီး၍ နှစ်ယောက်သား ပြန်လည်ထွက်ခွာလာခဲ့လေတော့သည်။ နှစ်ယောက်သားစကားလေးပြောပြီး လက်ချင်းတွဲကာ လျှောက်လာနေကြစဥ် ရုတ်တရက်ဆိုသလို လမ်းကြားလေးမှ လူလေးငါးယောက်က သူတို့နှစ်ယောက်အား အတင်းဖမ်းချုပ်ကာ ကားပေါ်သို့ အတင်းဆွဲခေါ်သွားလေတော့သည်။ ပြီးနောက်ကားပေါ်ရောက်တော့ အဝတ်နှင့်ပါးစပ်ပိတ်ကာ ကြိုးဖြင့်ချည်လေတော့သည်။ ထို့နောက် ထိုနေရာမှ ကားလေးက ထွက်ခွာသွားလေတော့သည်။
ကားမောင်းတာ တစ်နာရီခန့်ကြာတော့ ထိုကားလေးထိုးရပ်သွားလေတော့သည်။ ဘယ်နေရာ ဘယ်အရပ်မှန်းလည်း သူတို့မသိကြပေ။ ထို့နောက် သူတို့နှစ်ယောက်အား ဆွဲချကာ ဂိုထောင်တစ်ခုဆီသို့ ခေါ်သွားလေတော့သည်။

YOU ARE READING
" The Rainbow of Gay's Law " ( Completed )
Fantasy21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...