အမှာစာ

59 3 8
                                    

ကြုံကြဆုံကြတွေ့ကြပြန်ပါပြီ။ဒီဖတ်စာမှာ လာရောက်ဆုံစည်းကြတဲ့ စာဖတ်သူအသစ်များ၊အဟောင်းများ သာပါစေမာပါစေ။

ထုံးစံအတိုင်း ကိုယ်ရေးတဲ့စာတွေနဲ့ပတ်သတ်ရင်စကားများတတ်တဲ့ အသံတိတ်ကိုနည်းနည်းလောက် လေဖြောင့်ခွင့်ပေးပါဦး။

"ဆက်ရန်ရှိသောဖတ်စာများ" က အခြေခံပညာကျောင်းသားဘဝကို အခြေတည်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ဇာတ်လမ်းမျိုးစုံစဥ်းစားရင်းမှ ရုတ်တရတ်ခေါင်းထဲဖျက်ခနဲဝင်လာတဲ့ အတွေးလေးကိုလက်တွေ့ပုံဖော်ချင်တဲ့စိတ်ကကိန်းအောင်းလာတာကြောင့် ဒီဇာတ်လမ်းလေးကအသက်ဝင်လာခဲ့တာပါ။
ကိုယ်ဖတ်ကြည့်ဖူးသလောက် နုစဥ်ရွယ်စဥ်ကျောင်းနဲ့ပတ်သတ်တဲ့ဇာတ်လမ်းမျိုး များများစားစားမတွေ့ဖူးသေးတာရယ်၊
ထိုင်းနိုင်ငံကရိုက်ကူးတဲ့
I TOLD SUNSET ABOUT YOU
လို ကျောင်းသားဘဝကိုသေသေချာချာပုံဖော်တဲ့ ဇာတ်လမ်းမျိုးကိုသဘောကျပြီး ရေးချင်ခဲ့တဲ့စိတ်ကူးရှိခဲ့တာတော့ကြာပါပြီ။

စဥ်းစားမိတဲ့ဇာတ်လမ်းတွေထဲမှာမှ ရင်ထဲရောက်လာခဲ့တာ ဖတ်စာပါဘဲ။အခြေခံပညာကျောင်းသားဘဝဟာ လူတိုင်းအတွက်မမေ့နိုင်သော၊ကြည်နူးရပါသော၊စိတ်လှုပ်ရှားခဲ့ရပါသော စိတ်ခံစားချက်ပေါင်းစုံနဲ့သက်ဝင်ခဲ့တဲ့အချိန်မဟုတ်လားနော်။ဆယ်ကျော်သက်အရွယ်ရဲ့ လှပသန့်စင်တဲ့အချစ်ကိုပထမဦးဆုံး မွေးဖွားခဲ့ဖူးကြတဲ့အချိန်ပေါ့။
အသံတိတ်ရဲ့ အမြင်အရပြောရမယ်ဆို ဆယ်ကျော်သက်အရွယ်မှာ ရှိခဲ့တဲ့အချစ်လောက် သန့်စင်တဲ့အချစ်၊အပြစ်ကင်းတဲ့အချစ်၊အားကောင်းတဲ့အချစ်ဟာ ကျန်အသက်အရွယ်အပိုင်းအခြားတွေထပ် အပုံကြီးသာတယ်လို့ မှတ်ယူထားတယ်။တစ်ချိန်ကျ ပြန်တွေးကြည့်တဲ့အခါ ငါတို့အဲ့လောက်တောင် လွတ်လပ်စွာတွေးရဲမက်ရဲကြပါလားလို့ ခံစားမိမဲ့
အိပ်မက်တွေ၊နုပျိုမှုတွေ၊နှလုံးသားတွေ၊သူငယ်ချင်းတွေနဲ့ ပျိုးထောင်ထားတဲ့ဆယ်ကျော်သက်ကျောင်းသားဘဝဟာ အသံတိတ်ကိုမရေးရမနေနိုင်အောင်ဆွဲဆောင်နေပါပေါ့လား။

ရေးစရာဇာတ််ကောင်တွေကလည်း မှတ်မှတ်ထင်ထင်ရှင်းရှင်းလင်းလင်းခံစားနေရတော့ စိတ်ထဲမယ် ကြည်နူးပျော်ရွှင်စိတ်အပြည့်ပေါ့ပေါ့။

ဆက်ရန်ရှိသောဖတ်စာများTempat cerita menjadi hidup. Temukan sekarang