Unicode
ရှီရှန်းက world chatထဲမှာပြောစရာရှိတာပြောပြီးတော့ game screenပေါ်ကိုပြန်လာလိုက်တယ် အဲဒီမှာအနန္တမျိုးဆက်တွေက မင်ရည်ရှာဖွေသူကိုသဲအိတ်တစ်ခုလိုသဘောထားပြီးထိုးနှက်နေကြတယ်
မင်ရည်ရှာဖွေသူကအရင်တစ်ခါတောင်levelက၁၀ဆင့်လောက်ကျထားတဲ့အပြင်အခုရှီရှန်းရဲ့လိုက်လံနှောက်ယှက်မှုတွေကြောင့်လက်ရှိမှာlevelက၇၈ပဲရှိတော့တယ်
မင်ရည်ရှာဖွေသူ :[မင်းဘာလိုချင်တာလဲ]
မိုင်တစ်ထောင်တေးဂီတ : [ငါကlevel၅၅ထိတောင်ကျသွားခဲ့တာလေ အနည်းဆုံးတော့နင်ငါ့ကိုကူညီဖို့ဆိုရင်levelအတူတူလောက်ရောက်သင့်တယ်မဟုတ်လား]
'ငါကအငြိုးကြီးတယ်ဟုတ်ပြီလား,ကိုယ့်အတွက်ကိုယ်တောင်ကလဲ့စားမချေနိုင်တဲ့သူတွေကသနားစရာကောင်းလွန်းတယ်လေ'
မင်ရည်ရှာဖွေသူ :[မင်းသာငါ့နောက်လိုက်ပြီးပြဿနာလိုက်မရှာဘဲlevelပြန်တက်အောင်လုပ်နေရင်အရင်levelလောက်တောင်ပြန်ရလောက်ပြီ]
'သူမအရည်အချင်းနဲ့ဆိုရင်အရင်levelလောက်ပြန်ရဖို့ကခနလေးဟာကို...ငါ့နောက်လိုက်ပြီးပြဿနာလိုက်ရှာနေတယ်'
မိုင်တစ်ထောင်တေးဂီတ :[levelမြှင့်တာက ရှင့်ကိုဂရုစိုက်ဖို့လောက်အရေးမကြီးပါဘူး]
မင်ရည်ရှာဖွေသူ :[........]
ကျီယန်ကchatကိုပိတ်ပစ်လိုက်ပြီးအရင်တစ်ခါကလိုပဲထွက်ပြေးသွားတယ်
ရှီရှန်းရဲ့လုပ်ရပ်တွေကြောင့်သူ့levelကအများကြီးထိုးကျသွားပြီအခုဂိမ်းထဲကလူတွေကတော့သူတို့ရဲ့အချစ်အမုန်းဆက်ဆံရေးကိုပဲစိတ်ဝင်စားနေကြတယ်
မင်ရည်ရှာဖွေသူ ကိုတွေ့ချင်လား, တေးဂီတကိုမေးလိုက်
တေးဂီတကိုရှာချင်ရင်world chatကိုသွားရုံပဲ
ဒါပေမဲ့သူမကိုမေးချင်ရင်တော့ရွှေ၂၀ပေးရမယ်
......သစ်သားချူလုံးလေးကအချိန်အတော်ကြာမှပြန်ရောက်လာပြီးတော့ရှီရှန်းကိုမက်ဆေ့ချ်ပို့လိုက်တယ်
သစ်သားချူလုံးလေး :
[အမclearwest,ကျွန်မ ဂိမ်းထဲမဝင်မိတာရက်နည်းနည်းပဲရှိသေးတာပါ,အများကြီးပြောင်းလဲသွားသလိုပဲ...အခုဆော့နေတာနတ်ဘုရားနှင့်မိစ္ဆာတို့ရဲ့နယ်မြေရောဟုတ်ရဲ့လား]
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.