17

169 17 2
                                    

Unicode


" သွားစရာရှိရင် ကိုယ်လိုက်ပို့မယ်။ "

" ... "

ထိုင်၍ငိုင်နေသော Chanyeolကို ကြည့်၍ Wu Yifanက ပြောလိုက်သော်လည်း chanyeol မလှုပ်မိသေး။
Yifanက သက်ပြင်းချ၍

" မင်းစိတ်ရှုပ်နေတာ Luhanကြောင့်ဆိုရင် သူနဲ့ ထပ်မတွေ့နဲ့တော့။ "

" မင်းကြောင့် "

" .... "

သူစိတ်တိုတိုနှင့်ပြောလိုက်တော့ yifanက ခဏတိတ်ဆိတ်သွားသည်။

" ငါ့ကို စိတ်ဆိုးနေတုန်းပဲလား? "

" မင်းလုပ်တာတွေက မှန်နေတယ်ထင်လို့လား? စိတ်ဆိုးနေတုန်းပဲလား? မင်းဘယ်တုန်းက ငါ့ခံစားချက်ကို ဂရုစိုက်ဖူးလို့လဲ။ အရင်တုန်းကရော အခုရော မင်းကိုချစ်ဖို့က အရမ်းခက်ခဲတယ် Wu Yifan။ နောက်ဆုံးတော့ ခံစားရတဲ့သူက ငါပဲ။ မင်းက အပြုံးတောင်မပျက်ဘူး။ ငါမင်းကို ချစ်နေဦးမယ်လို့ မျက်နှာပြောင်တိုက်ပြီး မျှော်လင့်မနေနဲ့တော့။ ငါသွားပြီ။ "

သူတရစပ်ပြောပြီးနောက် ထရပ်လိုက်ရင်း ဖုန်းယူရန် အခန်းထဲဝင်တော့ wu yifanက နောက်မှလိုက်လာသည်။

" ငါဖြေရှင်းရင်ရော နားထောင်ပေးမလား။ "

" မလိုဘူး။ "

" ဒါဆိုရင် မဖြေရှင်းတော့ဘူး။ "

" ... "

" ငါတောင်းပန်ရင်ရော ခွင့်လွှတ်မှာလား။ "

" မလွှတ်ဘူး။ "

" ဒါဆိုရင် မတောင်းပန်တော့ဘူး။ "

* အေး။ ကောင်းတယ်။

Wu Yifanနဲ့ စကားပြောရတာ တစ်ကယ် အားအင်တွေ ကုန်ခမ်းစေသည်။

" ဒါပေမဲ့ "

" ဘာလဲ "

သူ့ဖုန်းကဘယ်ရောက်နေပါလိမ့်။
အိပ်ယာခင်းတွေကို လှန်ရှာရင်း Yifanဘာများ ပြောဖို့ကြိုးစားနေတာမှန်း နားစွင့်နေမိသည်။

ပုံပြင်မဆန်သောပုံပြင်Where stories live. Discover now