ချစ်တယ်ဆိုတာထက်ပိုပါတယ် အပိုင်း(၂)

3.2K 49 1
                                    

'ဟတ်     ချိုးးး´´   ခေါင်ရမ်း အအေးမိပီ
'ဟဲ့ ငါမပြောဖူးလား ခေါင်ရမ်းမ  နင်ဟာလေ ငါ့ကို အားနာပီး မပြောတော့ အခု ဖျားပီမလား´   ယမုံက အပြစ်တင်ဟန်ဖြင့်  ခေါင်ရမ်းခေါင်းကို ပုတ်ကာ ဆူပူရှာသည်
        'သမီး သူငယ်ချင်းက အဲ့ လိုပဲ သိပ်အားနာတတ်တာ
မိုးမိရင် သူဖျားနေကြ  အဲတာ သိသိရက်နဲ့ ´ တီချစ်မှာဆက်မပြောတော့ပဲ မျက်စောင်းထိုးကာ ဆူပူနေသည်
     ထိုစဥ် ယမုံမှ
    'ခေါင်ရမ်း နင့်ကို ဆရာသူရိန် လိုက်ပို့တာဆို´
ခေါင်ရမ်းမှာ အေးဆေးစွာဖြင့်
              'အင်းလေ ´
   ' သတိတော့ထား ခေါင်ရမ်းရာ´  
ခေါင်ရမ်းမှာ နားမလည်ဟန်ဖြင့်
           'ဘာလို့လဲ ယမုံ´ သောက်လက်စရေနွေးခွက်ကို ချရင်း စိတ်ဝင်တစားမေးလိုက်သည်
      'သူ့ ဝတ်ပုံစားပုံ နင်မတွေ့ဖူးလား´ 
    'တွေ့တယ်လေ ဘာလို့´
'သူ့ အဖေကလူဆိုးဂိုဏ်းအကြီးစား   သူတို့က သိပ်ချမ်းသာတယ် သိလား´
    ခေါင်ရမ်းခမျာ နားမလည်ဟန်ဖြင့်
     'အဲတာနဲ့  ငါ့ကို လိုက်ပို့တာနဲ့ ဆိုင်လို့လား´
  'ဆိုင်တယ် ကောင်မရေ ငါပြောပြမယ် သေချာနားထောင် ငါလည်း ဟိုတနေ့ကမှ သိရတာ´
    ယမုံ့ရဲ့ ပြောစကားများကို စိတ်ဝင်စားဟန်ဖြင့် မျက်လုံးကလေးများ တဖျက်ဖျက်ခတ်ကာ ခေါင်ရမ်း နားထောင်နေသည်
        'သူ့အဖေက လူဆိုးဂိုဏ်း အကြီးစားထဲကကွာ
ဒါမဲ့ သူ့သားကို တည်တည်ငြိမ်ငြိမ်ဖြစ်စေချင်တာ
အစက ကျောင်းဆရာ လုပ်ခိုင်းတာ ခုတော့ အပြင်သင်တန်းဆရာဖြစ်နေပီ´
   ယမုံ့မှာ တီချစ် ချပေးထားသော လက်ဖက်သုပ်ကို စားရင်း စကားဆက်လိုက်သည်
        'ကိုသူရိန်က တကယ်တော့ ငပွေ တယောက် ပြောရမယ်ရင် playboy ပေါ့ကွာ ဘယ်သူ့ကိုမှ အတည်မတွဲဖူး´
   'ဟဲ့ အဲတာနဲ့ငါသူ့ကား လိုက်စီးတာနဲ့ ခုထိ ဘာမှ မဆက်စပ်မိသေးဖူး ယမုံ´ ခေါင်ရမ်းမှာ နားရှုပ်ဟန်ပြန်မေးလိုက်သည်
     'သေချာနားထောင် အုံးလေ မပီးသေးဖူး´
           'အင်းအင်း ဆက်ပြော´ ခေါင်ရမ်းမှာ ယမုံ့ကို စပ်ဖြီးဖြီးနှင့် ပြန်ဖြေလိုက်ရာ ယမုံက မျက်စောင်းလေးထိုပီး
         'သူက သူ့ကားပေါ်တင်တဲ့ မိန်းမ မှန်သမျှနဲ့ အကုန်ငြိတယ်   သူ့ကားပေါ်ကို သူသဘောမကျပဲ ဘယ်မိန်းမကိုမှ မတင်ဖူး  ပီးတော့ မိန်းခလေးတွေရဲ့ အသည်းကို သိပ်ကစားတတ်တာ ရုပ်လည်းချော ငွေကလည်းပေါ ဆိုတော့
မိန်းမတွေ ဝိုင်းဝိုင်းကိုလည်နေတာ´
                ယမုံ့မှာ ရေနွေးတငုံ သောက်လိုက်ပီး
        'အခုကိစ္စက နင့်ကို သတိထားစေချင်လို့   သူ့ဘဝက ငယ်ငယ်လေးထဲက ပြည့်စုံခဲ့တာ လိုချင်တာမှန်သမျှ အကုန်ရခဲ့တယ်   အဲ့တော့ကွာ သူလိုချင်တာရှိရင် မရရအောင် ယူတတ်တယ်  ´
     'အေး ဆက်ပြော´
           'ခုကိစ္စမှာသူက ဘယ်တော့မှ   မိန်းမတယောက်ကို သဘောမကျပဲ ကားပေါ်မတင်ဖူး အဲတာ နင့်ကို သတိထားစေချင်လို့ ခေါင်ရမ်း´
        ' အမလေးဟယ် ငါက သူနဲ့ငြိမှာကြလို့ ဟားဟား´
ခေါင်ရမ်းက လှောင်သလို ရီမောလိုက်သည်  ပီးမှ
    'ဒါနဲ့ သူက ဆရာလေ အဲ့လို မလုပ်လောက်ပါဖူး´
'ခုသင်တန်းဆရာလုပ်နေတာက သူ့အဖေကို မလွန်ဆန်နိုင်လို့ လုပ်နေရတာ ဗီဇက ဖျောက်မရဖူးဟ
   ရိုးပါတယ် အေးပါတယ်ဆိုတဲ့သူတောင် သူနဲ့ဆို ပျော့သွားပီး တွယ်တာသွားရော´   ယမုံကတော့ စိတ်ပူပေးရဇာသည်
     'အေးပါ ငါသတိထားပါ့မယ်´
ထိုစဥ် တီချစ်မှ
     'ဟိတ်ကောင်မလေးတွေ စကားကောင်းနေတာပေါ့လေမှောင်တော့မယ် ယမုံ တော်ကြာ လမ်းမှာ ဒုက္ခတွေ့နေမှ ပြန်တော့လေ သမီး´   
        အဲ့တော့မှ ယမုံလဲ နာရီကြည့်ပီး ပြာပြာ သလဲ ထကာ နှုတ်ဆက်ပီးပြန်သွားလေတော့သည်။
          ×                         ×                            ×
 
အလုံပိတ်အခန်းတွင်းမှ လူ၂ယောက်စကားပြောသံ ထွက်ပေါ်လာသည်
     'ဟိတ်ကောင် မင်းအမှုကြောင့်ငါရေတော်တော်ကုန်သွားတယ်နော် သူရိန် မင်း ဆက်မလုပ်ပါနဲ့တော့ ကွာ´
          'ကျနော် ဘာမှ မလုပ်ဖူး အဖေ ဒီကိစ္စက လည်း တကယ်မဟုဖူး  ကျနော်သူနဲ့ ဘာမှမဖြစ်ခဲ့ဖူးလေ ကျနော် ဘယ်နခါ ထပ်ရှင်းပြရအုံးမှာလဲ ´ 
သူရိန် စိတ်မရှည်စွာဖြင့် အော်လိုက်သည်တော့မဟုတ်ပေမဲ့ ဒေါသသံပါနေသည်
       'မင်းမလုပ်ရင် မိန်းမတယောက်က အရှက်ကွဲခံပီး လူပုံလည်မှာ သူ့အရှက်ကို ထုတ်ဖြည်ကြမလား သူရိန်
  ငါလူမိုက်ကွ   မှန်တယ်  ဒါမဲ့ မင်းလို မုဒိန်းကောင် မဟုတ်ဖူး´
   သူရိန်ဝမ်းနည်းသွားသည် ။ရှိတာမှ ဒီ သားအဖ ၂ယောက်တည်း အဖေကတောင် ငါ့ကို မုဒိန်းကောင်တဲ့လား
      ' မနက်ဖန် မင်းအရင်သင်တန်းမှာ ဆရာပြန်လုပ်ချည်ဒါမှမင်းခြေငြိမ်မှာ ကြားလားဟိတ်ကောင်´´ ဦးမင်းဇော်ပြောပီး  အခန်းထဲမှ ထွက်သွားသည်
    သူရိန်တယောက်ထဲ တွေးနေသည်
သူ့ကို လူတိုင်းက လူရှုပ်လူပွေတယောက်လို့ ထင်ရားကြသည်   အချစ်ကို ကစားစရာအလား ကစားနေသည့်သူဟု ထင်ထားကြသည်   အမှန်တော့ သူသည် မိန်းခလေးတွေရဲ့ ဆန္ဒကို လိုက်ရောခဲ့ရုံသက်သက်သာ
             မိန်းခလေးတွေက သူ့ပစ္စည်းဥစ္စာတွေကိုမက်လို့ လာချဥ်းကပ်ကြသည် သူကလည်း ထိုမိန်းခလေးများကို မချစ်ခဲ့   မိန်းခလေးတွေဘက်မှဖွင့်ပြောသောကြောင့် အားနာပါးနာဖြင့် တွဲခဲ့သည်က များသည်
           သူနဲ့ တွဲတဲ့ မိန်းခလေးတိုင်း အပျိုရည်ပျက်သည်မှန်သော်လည်း    ထိုမိန်းခလေးများကို သူ လိုလေသေ့ မရှ်ထားခဲ့သည်ချည်းပင်  အတူနေကြသည်မှာလည်း  ၂ဦးသဘောတူမှ ဖြစ်ခဲ့ကြခြင်းဖြစ်သည်
       မိန်းခလေးက မကြည်ဖြူလျှင် အတူမနေ
ထိုသို့စည်းစောင့်သော သူမျိုးကိုမှ အဖေအရင်းမှ ပြောရက်လေခြင်း  ''မုဒိန်းကောင် ´´ တဲ့  တကယ်တော့ ထိုမိန်းခလေးက သူ့ကို အပိုင်ဖမ်းတာမရလို့ တကယ်လီဆယ်ခဲ့မှန်း  အဖေ မသိခဲ့ပါချေ  
        ဘယ်လိုပဲဖြစ်ဖြစ် အမှုက ၂လနှင့် ပြတ်သွား၍ပင် တော်သေးသည်   သူရိန့်ဘက်ကလည်း သက်သေ ခိုင်သည်ကိုး
      သူရိန် ဆေးလိပ်ကိုဖွာရင်း  အတွေးများကို လွှင့်ခဖင်ရာသို့ လွှင့်ထားလိုက်သည် နက်ဖန်သင်တန်း သွားရအုန်းမည်ပင်။





ချစ်တယ်ဆိုတာထက် ပိုပါတယ်Where stories live. Discover now