Part 4

1.7K 126 2
                                    

Uni
Idol လေးရဲ့ချစ်သူ
Part 4

ဒီနေ့.... ကိုကို့ သူဌေးနဲ့ သွားတွေ့ရမယ့်နေ့.... တစ်လမှာ တစ်ခါ ကိုကို့သူဌေးနဲ့ ညစာ
အတူ စားရသည်လို့ သိထားသည်....

အဝတ်စား ကူဝတ်ပေးချိန်သာ ကိုကိုမျက်နှာလေးကို အနီးကပ် မြင်တွေ့ရမှာဖြစ်လို့ ...
စိတ်စောစွာပဲ... ကိုကို ရေချိုးမပြီးခင် ကိုကို့အခန်းထဲ ဝင်သွားမိသည်...

သူ သွားတာ နောက်ကျရင် ကိုကိုက သူ့ဘာသာ ဝတ်ထားတတ်တာ. ခဏ ခဏ ကြုံနေရ
လို့ပါ... ဒီအခွင့်ရေးလေးကို လက်လွှတ်မခံချင်....

သူဝင်သွားတော့ ခါးမှာ တဘက်အဖြူလေးပတ်ပြီး ခေါင်းကိုသုတ်ရင်း ရေချိုးခန်းထဲက
ထွက်လာတဲ့ ကိုကို.... ရေစက်လေးတွေနဲ့ ကိုကို့မျက်နှာလေးက ပိုမို ချောမောရှင်းသန့်
လို့နေသည်..

သူ့ကို မျက်လုံးအဝိုင်းသား ပါးစပ် အဟောင်းသားနဲ့ ကြည့်နေတဲ့ ဝမ်ရိပေါ်ကိုတွေ့တော့
ရှိုးတိုးရှန်းတန်းဖြစ်သွားကာ..

" ဘာလို့ဝင်လာတာလဲ.. ''

ဆောင့်ဆောင့် အောင့်အောင့်နဲ့ ရှက်ပြီး အော်ငေါက်လိုက်ပုံလေးက အသည်းယားစရာ..

"အတူတူချင်းကိုများ ကိုကိုရာ... လာ လာ.. ကျွန်တော် ရေသုတ်ပေးမယ် ''

" သေလိုက်ပါလား.... ကိုယ်က ကလေးလား ''

" ကိုကို နောက်ကျတော့မယ်လေ ... နာရီလဲကြည့်ဉီး.. ကိုကို ရေချိုးနေတာ အကြာကြီး''

" အေး ဟုတ်သား... ဒါမဲ့.. မင်းသုတ်ပေးဖို့မလိုဘူး... ကိုယ့်အတွက် အဝတ်ထုတ်ထားပေး ''

သူ.. ကိုကို့ ဘီဒိုဆီ သွားပြီး အနီရောင်ကုတ်ရှည်  ရှပ်လက်ရှည်အပြာနဲ့ နက်တိုင်ကိုပါ
ယူလိုက်ပြီး မွေ့ယာပေါ် တင်ပေးလိုက်သည်...

သူ.. hair dryer ကို သွားယူလိုက်ပြီး..

" ဆံပင် ခြောက်အောင် ကျွန်တော် dryer နဲ့ မှုတ်ပေးမယ်... နောက်ကျနေပြီ ကိုကို ''

ကိုကို ဘာမှ ပြန်မပြောဘဲ... ကုတင်ပေါ် ထိုင်ချလိုက်သည်...

သူ... shampoo နံ့သင်းသင်းလေးနဲ့ နုညံ့ချောမွေ့နေတဲ့ ကိုကိုဆံပင်လေးကို ထိကိုင်ရင်း
ခြောက်သွေ့အောင် မှုတ်ပေးနေရာမှ အပေါ်စီးကနေ ကိုကို့ခန္ဓာကိုယ်လေးကို ပြစ်မှားနေမိ
သည်...

Idol လေးရဲ့ ချစ်သူ Donde viven las historias. Descúbrelo ahora