Arc. 2.1

12.3K 981 93
                                    

Zawgyi

ယွီ့အာ သူရဲ့ခေါင်းနာကျင်မှုကြောင့် နိုးထလာတော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်၊အနက်ရောင်ကျောင်းဝတ်စုံများနဲ့ စိတ်ဆိုးစွာကြည့်နေသည့် ဆရာဟာ ဒီကမ္ဘာဟာ ဘယ်ကမ္ဘာလည်းဆိုတာ သူသိလိုက်ပြီဖြစ်သည်၊

ဒီကမ္ဘာက သူဗီလိန်ဖြစ်ခဲ့သည့် ကမ္ဘာတွေထဲက တစ်ခုဖြစ်သည့် သူရဲကောင်းခေတ်နဲ့မှော်ခေတ်ကို ပေါင်းစပ်ထားသည့် ရှေးကျသည့်ကမ္ဘာတစ်ခုဖြစ်သည်၊သူက မီမိုဆာအင်ပါယာရဲ့ မားလ်တင်နက်အိမ်တော်ရဲ့အကြီးဆုံးသား အန်ဒီရမ်ဖြစ်သည်၊အန်ဒီရမ်ဟာ ရေခဲစွမ်းအင်အသုံးပြုသည့် ထက်မြက်သည့်မှော်ဆရာတစ်ဦ့းဖြစ်ပေမယ့် ဗီလိန်ဖြစ်ဖို့ ကံကြမ္မာဟာရှောင်ဖယ်လို့မရခဲ့ပေ၊

ဒါပေမယ့် အခုရှိချိန်မှာ သူဟာ ရွှေရောင်ခြင်္သေ့ကျောင်းတော်ကြီးတွေ ရှိနေဆဲဖြစ်ပြီး ဘယ်အရာမှ ဆိုးဆိုးဝါးဝါးမဖြစ်သေးပေ၊သူရဲ့အရင်တုန်းက တာဝန်ဟာ ဒီကမ္ဘာရဲဇာတ်လိုက်ဖြစ်သည့် ဂျိုရှ မားလ်တင်နက်ကိုတိုက်ခိုက်ရန်ဖြစ်သည်၊အန်ဒီရမ်ဟာ မားလ်တင်နက်အမတ်ကြီးမျိုးရိုးကို ဆက်ခံသူအဖြင့် အမြင့်မားဆုံးလျာထားခံရသူဖြစ်သော်လည်း မိထွေးနဲ့မယားပါသားဖြစ်သည့် ဂျိုရှတို့ဟာ ထိုဟာကို ကျေကျေနပ်နပ်လက်ခံခဲ့ပုံ မရခဲ့ချေ၊ အဆိုးဝါးဆုံးဟာ အန်ဒီရမ်သဘောကျနေသည့် မက်ဆီနာ အန်နာလီဆိုသည့် ကောင်မလေးကို လုယူသွားခဲ့ခြင်းဖြစ်သည်၊ အခုတော့ ထိုအသုံးမကျသည့်ဇာတ်လိုက်ကောင်ကို သူပြန်ကလဲ့စားချေရလိမ့်မည်ဟု မထင်ခဲ့ချေ၊ သူဖြတ်ဖူးသမျှ ကမ္ဘာတွေထဲမှာ ဂျိုရှ မားလ်တင်နက်ဟာ သောက်သုံးမကျဆုံး ဇာတ်လိုက်ဖြစ်ပြီး အိမ်ရှေ့စံမင်းသားကိုလည်း မြူဆွယ်ထားရုံသာမက ဇာတ်လိုက်မနဲ့လည်း လက်ထပ်ကာ အမတ်ကြီးမျိုးရိုးရဲ့ဆက်ခံသူနေရာကို တက်ယူနိုင်ခဲ့ပြီး သူ့အစ်ကို အန်ဒီရမ်ကိုလည်း ရိုက်ချခဲ့သည့် ဇာမဏီလိုကောင်မျိုးဖြစ်သည်၊အခု​တော့ ...အားလုံးကွာခြားသွားပြီ၊

အန်ဒီရမ်ရဲ့နူတ်ခမ်းများဟာ အပေါ်ဘက်ကိုကော့ကွေးသွားကာ ခုံကို တောက်တောက်ခေါက်လိုက်ရင်း... သူနဲ့လအနည်းငယ်သာ ကွာဟသည့် ဇာတ်လိုက် နဲ့ နောက်ထပ် ဒီကမ္ဘာရဲ့ဒုတိယဇာတ်လိုက်ဖြစ်သည့်ဇာတ်​ကောင် ဝင်လာမည့်အချိန်ကို စောင့်နေလိုက်တော့သည်၊ထိုအချိန်မှာလည်း Systemကနေ

Arc. 2 ဇာတ်လိုက်တွေက အသုံးမကျလည်း ကောင်းချီးပေးခံရမြဲ(Completed) Where stories live. Discover now