Idol လေးရဲ့ချစ်သူ
ဇာတ်သိမ်း"ဖေးဖေးက... ရိပေါ်နဲ့ ကွဲပေးဖို့ ငိုယိုပြီး ဖုန်းဆက်ခဲ့လို့ ကျွန်တော်တို့ လိုက်လာတာပါ
ဝမ်သခင်ကြီး ဘယ်လိုဖြစ်ချင်လဲ ကျွန်တော်တို့သိချင်တယ်... မနေ့ညက ကိစ္စကိုလဲ
ကျွန်တော်တို့ သိသင့်သလောက် သိပြီးပါပြီ.. ''"အင်း .. ဝမ်ငယ် လုပ်ရပ်က တော်တော်လေး ဆိုးဝါးသွားတာဆိုတော့.. သူဌေးပိုင်တို့
ကို ကျွန်တော်က အနူးအညွတ်တောင်းပန်ပါတယ်.. ကျေနပ်လောက်အောင်လဲ လုပ်ပေး
မှာပါ... ဝမ်ငယ်က နောက်လဲ လက်ခံမယ့်သူမဟုတ်တာ ကျွန်တော်သိသွားပါပြီ...ဒါကြောင့် ဖေးဖေးရဲ့ သဘောအတိုင်းပဲ လုပ်လိုက်တာကောင်းမယ်လို့ ထင်တယ် ..
သြော်...အားချန်... ဝမ်ငယ်ကို ခေါ်ခဲ့ပြီလား.. ''"ဟို.... ဟို... သ.. သခင်လေးက.. ''
"ဘာဖြစ်နေတာလဲ... ခေါင်းကုတ် ဖင်ကုတ်နဲ့... ''
"ဟို... အဲ .. ကျွန်တော်.... ထပ်... ထပ် သွားခေါ်လိုက်မယ်... ''
လူပျိုပေါက်လေး ဖြစ်သည့် အားချန် မျက်နှာတွေရဲကာ ရှက်နေပုံနှင့် မဖြေရဲပုံထောက်
ရင်.. ဘာ ဖြစ်လို့ မခေါ်ခဲ့ရသလဲဆိုတာ... သဘောပေါက်လိုက်ကြတော့သည်.."အင်း... ဘယ်လို ကလေးမျိုး မွေးထားမိပါလိမ့်... ကျန့်ကျန့်က ဆေးတောင်ကုန်သေး
ရဲ့လားမသိပါဘူး... အင်း.... နေ နေ အားချန် ခဏနေမှ ဖုန်းခေါ်လိုက်မယ် ''"နေပါစေ သခင်ကြီး မခေါ်ပါတော့နဲ့.... သူ့သဘောကိုလဲ အားလုံးသိပြီးသားပဲ.. သမီးက
စာချုပ်မှာ လက်မှတ်ထိုးပေးခဲ့လိုက်ပါ ''"ဝမ်ငယ်က သူဌေးပိုင်တို့လင်မယားနဲ့ ဖေးဖေးကို တောင်းပန်ချင်နေသေးလို့ပါ . ပြီးတော့
သူဌေးပိုင်တို့ကို ဟိုတယ်လေးတစ်လုံး လက်ဆောင်ပေးချင်လို့ လွှဲပြောင်းစာချုပ် လုပ်
ထားတယ်.. လက်ခံပေးပါဗျာ.. ''"ရပါတယ်ဗျာ... အားနာစရာ.. အဲ့လောက်လဲ မလိုပါဘူး.. အင်း. လူသိရှင်ကြား
လက်မထပ်ခဲ့တာကိုပဲ ရိပေါ်ကို ကျေးဇူးတင်မိပါသေးတယ်.. ''"ကျွန်တော့်ကြောင့် ဖြစ်ရတာပါ ...ဝမ်ငယ်က ငယ်ကတည်းက ရှောင်းကျန့်ကို စွဲလန်း
ပြီး.ဘယ်သူ့ကိုမှ စိတ်မဝင်စားတော့တာ သိပြီးသားပါ..ကျွန်တော်ကလည်း ကျန့်ကျန့်
လေးကို တကယ်ချစ်ပါတယ်... ဒါပေမယ့် ဝမ်မျိုးဆက်အတွက် ရင်မအေးလို့ စီစဥ်
လိုက်တာ...ခုလိုတွေ ဖြစ်ကုန်တော့တာပါပဲ ''
ESTÁS LEYENDO
Idol လေးရဲ့ ချစ်သူ
Fanficအချစ်ဆိုတာ ဘာမှန်းမသိတဲ့အရွယ်တည်းက ချစ်သူကို အပိုင်သိမ်းထားခဲ့တဲ့ အချစ်လူဆိုးလေးကို မမုန်းလိုက်ပါနဲ့ ကိုကို....