Part - 1

292 20 0
                                    

အလျား 100m အနံ 64m ခန့်ရှိသော မြက်ခင်းစိမ်းများ ဖုံးလွှမ်းနေသည့် ကွင်းပြင်ကြီးပေါ်တွင် ပြိုင်ဘက်ကစားသမားများ အားသွန်ခွန်စိုက် ယှဉ်ပြိုင်နေကြသည်

ပွဲကြည့်စင်မှအားပေးသံများကလဲ Stadium တစ်ခုလုံးကိုလွှမ်းခြုံထားသလို player များ၏နာမည်များမှာလဲ ဆူညံပွက်လောရိုက်နေ၏

ပွဲချိန် ၈၅ မိနစ်ရောက်ချိန်ထိ Suwon အမျိုးသမီး အထက်တန်းကျောင်းက Soeul အမျိုးသမီးအထက်တန်းကျောင်းကို 1:0 ဖြင့်ဦးဆောင်နေသည်

Suwon အမျိုးသမီး အထက်တန်းကျောင်းမှ ပွဲချိန်ပြည့်ဖိကစားနေသော်လည်း Soeul ဘက်မှ Goal Keeper ၏ မှော်ဝင်လက်စွမ်းများကြောင့် 1 ဂိုးသာ ရယူထားနိုင်၏

ပွဲချိန် မိနစ် ၉၀ အရောက်မှာတော့ Soeul အမျိုးသမီးအထက်တန်းကျောင်းဘက်မှ ကျောနံပါတ် 29 လူကောင်ခပ်သေးသေး ကောင်မလေး Counter play စတင်ကစားကာ Suwon ဘက်အား စတင်တိုက်စစ်ဆင်ခဲ့သည်

ညာတောင်ပံထိဆွဲကာ ၁၈ကိုက် ဧရိယာအတွင်းအမြင့်ဘော ပေးပို့ခဲ့ရာ အသင့်နေရာယူထားသော ကျောနံပါတ် 25 မှ သူမ၏ height အားသာချက်အားအသုံးပြုကာ ခေါင်းတိုက်ရင်း လိုအပ်သည့်ချေပဂိုးအားရယူခဲ့၏

ပွဲကြည့်စင်မှ အသံများမှာလဲ တစ်ကွင်းလုံးပွင့်ထွက်သွားမည့်အလား ပိုမိုကျယ်လောင်လာခဲ့သည်

"Chou Tzuyu, Chou Tzuyu, Chou Tzuyu"

ထိုချေပဂိုးသွင်းယူပြီးသည်နှင့် ပွဲသိမ်းခရာမှုတ်ကာ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့၏

Final ပွဲဖြစ်တာမို့ Penalty ဆက်လက်ကစားရမည်ဖြစ်သောကြောင့် ၂ဖက်ကစားသမားများအားလုံး ကွင်းလယ်တွင် အတန်းလိုက်အသင့်နေရာယူထားကြသည်

တစ်ယောက်ပြီးတစ်ယောက်ကန်သွင်းလာရာမှ ၅လုံးမြောက်တွင် Soeul ဘက်မှ Goal Keeper ၏ သေသပ်လှပသော diving ပစ်ပုတ်ထုတ်မှုကြောင့် Suwon ဘက်မှ တစ်လုံးနစ်နာခဲ့ရသည်

"Yoo Jeongyeon the best goal keeper"

အားပေးသံများဖြင့် တစ်ကွင်းလုံးလဲ ဆူပူအုံကြွလာကြသည် အနိုင်ရရှိဖို့ရာတစ်လုံးသာ လိုအပ်တော့သည်မို့ နောက်ဆုံးကန်မည့် ကစားသမားတွင် Pressure များစုပုံကျရောက်လျက်ရှိ၏

Love Me Till the EndWhere stories live. Discover now