Intro (1:1)

42 2 1
                                    

Unicode

ချောင်းထဲခုန်ချသတ်သေသွားသော
သခင်ငယ်လေး
(ဒါကတကယ်ကို လှောင်ရယ်ချင်စရာကြီးပဲ)

လောကကြီးကအလင်းမရှိ မှောင်မိုက်နေ၏။ ကြယ်တစ်ချို့၏သစ္စာရှိသော ထိန်လင်းမှုကြောင့်သာလျှင် အရပ်မျက်နှာရှစ်မျက်နှာအား ခွဲခြားသိမြင်နိုင်ပေသည်။ ရှေးကျသောအိမ်လေးများနှင့် မီးပုံးတို့ချိတ်ဆွဲထားသော လမ်းကြိုလမ်းကြားလေးသည်ပင် အလင်းမရှိ။ ချိတ်ဆွဲထားသည့်မီးပုံးတို့က အယောင်ပြသက်သက်ပင်။

လူတစ်ချို့သွားလာနေကြသော်လည်း သူတို့အလုပ်နှင့်သူတို့ရှုပ်နေကြတာပင်။ ထိုသို့သော မိမိလိုရာအရပ်မြန်မြန်သွားချင်နေကြသည့် လူအများထဲမှ အဖြူရောင်စွတ်စွတ်ဖြင့်သွားလာနေသော သခင်လေးတစ်ဦး။ ကြီးမြတ်သောဂိုဏ်းတစ်ခုခုက သခင်လေးတစ်ဦးနှင့်တူသော ထိုသူသည် ဂိုဏ်းစည်းကမ်းပျက်လျက် ညအချိန်အခါသမယမှာ သွားချင်တိုင်းသွား လာချင်တိုင်းလာ ရောက်ရာအရပ် ခြေဦးဆန့်လျက်။

လက်ထဲတွင်ယပ်တောင်တစ်ချောင်းအား ခေါက်လျက်ကိုင်ဆွဲကာ ခါးတွင်တော့ဓားချိတ်ထားသော ထိုသခင်လေးသည် ပန်းချီဆွဲသောဆရာက အိုးကောင်းရရန်နာနာရိုက်နေသကဲ့သို့ အသွင်ဖြစ်နေပေ၏။ လမ်းကြားလေး၏အလယ်တည့်တည့်တွင် ဇိမ်ခံလမ်းလျှောက်နေသော ထိုသခင်လေးသည် ကောင်းကင်ကြီးအားတခနမျှ စိတ်ပါလက်ပါမော့ကြည့်နေ၏။

နေ့ဘက်တွင်ပြာပြီး ညဘက်ဠ်နက်မှောင်သော ဤကောင်းကင်ကြီးထက် လမရှိ။ ထိုသူသည်သူ၏ခေါင်းအား ဆတ်ခနဲငုံ့ချလိုက်ပြီး ခါးသက်သက်အပြုံးဆန်သော လှောင်ပြုံးပြုံးလျက် ခုန်ဆွခုန်ဆွဖြင့် ဆက်ပြီးလမ်းလျှောက်သွားပြန်သည်။

ထိုသခင်ငယ်လေးသည် ချိန်းဆိုထားသောနေရာသို့ လျှောက်လှမ်းလာခြင်းဖြစ်ပေ၏။ ညအချိန်မှာတောင်မှ ကြည်လင်လျက်ရှိသော သူ၏ရှေ့ရှိရေကန်ကြီးအား ကြာညောင်းစွာကြည့်နေရင်း လက်နှစ်ဖက်ကိုတော့ အနောက်ဘက်ဠ်ယှက်ထားသည်။

"မင်းရောက်လာပြီးပဲ"

တိုးညှင်းသောခေါ်သံအကြားမှာ သခင်ငယ်လေး၏မျက်နှာထက် နွမ်းပါးသောမျက်ဝန်းများခြုံငုံလာ၏။ ​ဖန်တီးပြုံးထားသော အပြုံးလေးသည်တစ်ခုခုကို စောင့်မျှော်နေသကဲ့သို့။

Black Star (他说西方天空中的星星不断下坠)Where stories live. Discover now