Introduction

1.3K 111 3
                                    

အမဲရောင်ဝတ်ရုံအရှည်များက လေထဲတွင်တလွင့်လွင့်ဖြစ်နေသည်...........

လပြည့်ဝန်းကို မျက်နှာမူကာ ငေးကြည့်နေသော သူတို့၏မျက်ဝန်းများက တစ်ခုခုကို လွမ်းဆွေးနေသလို..............

ပြောချင်သောစကားများက အများကြီးရှိနေခဲ့သော်လည်း တစ်ဦးတစ်ယောက်ကမျှ စတင်ခြင်းမရှိခဲ့ပါချေ။
.
.
.
.
.
.
.
.
.

"တစ်ပတ်ပဲလိုတော့တယ်"

တိတ်ဆိတ်နေသော လေထုကိုဖြိုခွင်းလိုက်သော ဩရှရှအသံတစ်ခု.........

"အင်း ဘာလိုလိုနဲ့ ဆက်ခံသူတွေကိုရှာရတော့မယ်"

နောက်တစ်ယောက်က ထောက်ခံရင်းပြောသည်။

"မိစ္ဆာသုံးဖော် လည်း ပြန်ပေါ်လာတော့မှာပေါ့
ဝမ်းနည်းစရာပဲ တစ်ချိန်ထဲမှာပဲ အစုလိုက်အပြုံလိုက် လူသေမှုတွေလာတော့မယ်"

"ဒါနဲ့ ဆက်ခံသူတွေကို လွှဲပြောင်းပေးပြီးသွားရင် အကုန်လုံးကို တကယ်မေ့သွားမှာလား"

"အင်း ငါတို့ရဲ့သာမန်ဘဝကို ပြန်ရောက်သွားမှာ"

"ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ
ငါတို့ရှင်သန်ခဲ့တဲ့ သာမန်ဘဝက လွန်ခဲ့တဲ့အနှစ်700 မှာ ကျန်ခဲ့ပြီလေ"

စကားသံအဆုံးတွင် လေထုက ခဏတာ တိတ်ဆိတ်သွားသည်။
.
.
.
ထို့နောက်မှ တိုးညှင်းစွာထွက်ပေါ်လာသော အသံတစ်ခု

"အင်း ဟုတ်ပါရဲ့ အနှစ် 700 တောင် ကြာခဲ့ပြီပဲ"

       *******************************

Next - Chapter 1 ( The First and the Second)

Who will be chosen?

        *****************************

This is not about romance but if you want, I can add some cheesy bromance.

The Seven Where stories live. Discover now