Chapter 1 ( The First and The Second )

965 125 55
                                    

.............." Who will be chosen? "..............

ကျယ်လောင်လှသော သီချင်းသံတွေက သူ့ကို ခေါင်းကိုက်စေသည်။

မီးရောင်စုံများအောက်တွင် ကခုန်နေကြသောလူများကြားကို မျက်စိဝေ့ဝဲကာ တစ်စုံတစ်ယောက်ကိုရှာနေမိသည်။

"ကျစ် ငါ့ကိုအတင်းဆွဲခေါ်လာပြီး ဒီမှာတစ်ယောက်ထဲထားခဲ့တယ် မကောင်းတဲ့ကောင်"

တံခါးပေါက်ဝကိုကြည့်ရင်း သူရေရွတ်မိသည်။

အနားကစားပွဲဆီသို့သွားကာ ချထားသော အအေးခွက်တွေထဲက တစ်ခွက်ကို ယူပြီး မော့လိုက်တော့မှ အနည်းငယ် နေလို့ကောင်းလာသယောင်

"တွေ့လို့ကတော့ နရင်းကိုဆယ့်ငါးချက်လောက် ဆင့်အုပ်ဦးမယ်"

မကျေနပ်စွာပင် မြည်တွန်တောက်တီးရင်း လက်ထဲက အအေးကိုသာ ဆက်ပြီးမော့နေလိုက်သည်။

"ဟေ့"

နောက်ကခေါ်သံကြောင့် ရှာနေတာရပ်ရင်း လှည့်ကြည့်မိတော့ တွေ့ရသည်က မိန်းကလေးတစ်ယောက်..............

မျက်နှာထက်တွင် လိမ်းခြယ်ထားသော မိတ်ကပ်များကြောင့်လားတော့မသိ အတော်လေးလှပကာ ထင်ပေါ်နေသည်။

"ကြည့်နေတာ ကြာပြီ အထီးကျန်နေတယ်ထင်တယ် တစ်ယောက်ထဲပဲလား"

"အာ...... သူငယ်ချင်းပါတယ်"

"အော် ဒါနဲ့တို့ကို သိလား"

မိန်းကလေးက မျက်ခုံးပင့်ကာမေးလာသည်။

သူခေါင်းယမ်းပြမိသည်။

တကယ်လည်းမသိပါချေ။
အေးအေးဆေးဆေးသာနေတတ်‌ပြီး အနားကသူတွေကလွှဲလို့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့သူ့အတွက်တော့ အပေါင်းအသင်းလည်းနည်းသလို ခင်တဲ့သူလည်းသိပ်မရှိ........

အထူးသဖြင့် မိန်းကလေးဆိုရင် ပိုဆိုးသည်။

အရှေ့က မိန်းကလေးက နှုတ်ခမ်းကို အနည်းငယ်မျှထော်ကာ ချစ်စဖွယ်ကောင်းသောအမူအရာနှင့်ကြည့်လာသည်။

အခြားသူတွေဆိုလျှင်တော့ ထိုမိန်းကလေး၏ ဤအမူအရာကို မြင်လျှင် အလွန်သဘောကျသွားမှာ ဖြစ်သော်ငြားလည်း သူ့အတွက်တော့ ဘယ်လိုမှမခံစားရပါချေ။

The Seven Où les histoires vivent. Découvrez maintenant