Epi <36> - Two jungkookies

2.5K 123 1
                                    

[Unicode]

" ဦးငယ်ရဲ့လက်ဆောင်ကိုကြည့်တော့မလား "

ချိုသာစွာပြုံးပြပြီး ဆိုလိုက်တဲ့ဂျီမင်းကြောင့် အမြွှာနှစ်ယောက် ခေါင်းတငြိမ့်ငြိမ့် ။ Projecter တစ်ခုပေါ်က ဗီဒီယိုလေးတစ်ခုက လူအများရဲ့အာရုံကိုဖမ်းစားစေနိုင်သည် ။

/ " ထယ်ယောင်း "

သူ့ရဲ့ခေါ်သံအဆုံး လူနာကုတင်ပေါ်က နုနုနယ်နယ်
ထယ်ယောင်း ကလက်ထဲကနီတာရဲလေးကို လှုပ်ခါရင်း
ပါးစပ်နား လက်ညိုးလေးတော့က ခပ်ဖျော့ဖျော့ ပြုံးပြသည် ။ ထိုနီတာရဲပိစိကလေးကို Zoom ဆွဲကာရိုက်တော့
မျက်လုံးတောင်မပွင့်သေးတဲ့ ထိုလူသားပိစိရဲ့ လက်သေးသေးက လွတ်လပ်စွာလှုပ်ရှားလာ၏ ။

အသံသေးသေးဖြင့် ခပ်ဟဟရယ်မောရင်း ဘေးဘက်ကို
လှည့်တော့ သူ့အသဲပိစိကိုဂရုစိုက်နေပုံရတဲ့ ဂျောင်ဂု က
ဂျီမင်ဗီဒီယိုရိုက်နေတာကို သတိထားမိပုံမပေါ် ။

" အကြီးလေးကိုကြည့်ပါဦး "

ထပ်မံ၍ Zoom ဆွဲကာရိုက်ပြန်တော့ ထိုနီရဲရဲလေးက
အိပ်နေပုံ သူ့ဒယ်ဒီဂျောင်ဂု ရင်ခွင်ထဲငြိမ်သက်နေသည် ။

သတိထားပြီးချီနေပုံရတဲ့ ဂျောင်ဂု ကထိုနီတာရဲလေးကို
မထိရက်မကိုင်ရက ၊ ထိလိုက်လျင်ကြွေမွသွားမှာ စိုးရိမ်နေသည့်ဟန်ကိုလည်းအမိအရ
မှတ်တမ်းတင်လိုက်နိုင်သေးသည် ။

ထိုပိစိလေးက နှုတ်ခမ်းလေးတွေထော်ကာထော်ကာ
တစ်ခုခုကိုအလိုရှိတောင်းတနေသည့်ပုံ ။ ဂျောင်ဂု က ထယ်ယောင်း ကိုကြည့်ရင်း

" ဟျောင်း ... နို့ "

" ဟမ် !!! "

" ကလေးကနို့စို့ချင်နေတာထင်တယ် "

အသံတိုးတိုးလေးတွေနဲ့ ပြောနေကြတဲ့လူသုံးယောက်ကြား
ထယ်ယောင်း အတော်ပင်ရှက်နေပြီ ။ နီမြန်းနေသော မျက်နှာလှလှနဲ့ ပုလဲခသောမျက်လုံးလေးက ထိုနီတာလေးလေးတို့ ဆီမှာသာ ။

" ဂျီမင်း မင်းဘာလို့ လျှောက်ရိုက်နေတာလဲ "

" အမှတ်တရပေါ့ ဟဲ ဟဲ "

" သွားပါဦး ငါ ငါ ကလေးကိုနို့တိုက်ချင်လို့ "

" ရှက်မနေပါနဲ့ "

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now