Part-38မင်းလေးရဲ့လင်ကြီး/မင်းလေးရဲ့လင်ကြီး

7.2K 850 3
                                    

Unicode

"ဟွန့် စိတ်ပျက်လိုက်တာ...သကောင့်သားကြီး!''

ရုတ်တရက်ကြီး ထဆဲပစ်လိုက်တာကြောင့်လည်း ယခုဆို နှစ်ဦးသားက ဖူးယာထံသို့ လည်ပြန်တွေပင် ကြည့်လာကြပြီ။ မျက်ဝန်းများကလည်း ပြူးကျယ်နေကြလျှက်
တစ်ခနကြာသည်အထိပင် ကြောင်အမ်းအမ်းလေး ဖြစ်နေရှာသေးသည့် ဖူးယာ၏ ခမည်းတော်ခမျာ
သတိပြန်ဝင်လာတော့ ချက်ချင်းဆိုသလို ဖူးယာ၏ဂုတ်ပိုးလေးကို ရိုက်ချပစ်လိုက်ပါတော့သည်။

ဘက်!

''အာ့...အား...တောင်း...တောင်းပန်ပါတယ် ခမည်းတော်။တမင်ပြောလိုက်တာ မဟုတ်ပါဘူး။သူဘာသာပါးစပ်က ထွက်သွားတာပါ...''

ဖူးယာကလည်း သောက်ကျိုးနည်းအောင်အထိကို သတိလက်လွတ် ဖြစ်သွားခဲ့မိသည်။သူဒီဘက်ခေတ်ကို စရောက်ကတည်းက စိတ်ထဲတွင်သာ မိုးမွှန်နေအောင်ဆဲဆိုနေမိစေဦး နှုတ်ကတော့ ထွက်မသွားမိလေအောင် ကိုယ့်ကိုကိုယ်အား စွမ်းအင်ကုန်ကို ထိန်းချုပ်နေခဲ့သည်ကို။

မည်မျှပင် ဖရိုဖရဲလေးနှင့် ကလေးဆန်နေခဲ့စေဦး။အနည်းဆုံးတော့ သူသည်ကား လျောင်နိုင်ငံ၏ ဂုဏ်သရေရှိ အိမ်ရှေ့စံတစ်ဦးသာ ဖြစ်နေသေးသည်လေ။ထို့ကြောင့်လည်း ခမည်းတော်နှင့် မယ်တော်အပါအဝင် ချင်းလန်ရင်းတို့ကဲ့သို့ မင်းမျိုးမင်းနွယ်များ၏ အရှေ့တွင် အထူးတလည်ပင် သတိထားရင်း ပြုမူ ပြောဆိုဖြစ်နေခဲ့သည်။

အခုကတော့ သူတကယ်ကြီးကို သူ့ကိုယ်သူအား ထိန်းချုပ်ဖို့ မေ့လျော့သွားခဲ့မိသည်။သို့သည့်နှယ် ဤသည်က သူ့အပစ်ချည်းဘဲလို့တော့ ယူဆ၍ ရမနေပါဘူးနော်။ချင်းလန်ရင်းက သူ့ကို ထိုကဲ့သို့ သတိမကပ်နိုင်တော့လောက်အောင်အထိကို ဆိုးသွမ်းစေနိုင်စွမ်းတာ။

သောက်ချိုးမပြေလွန်းသည့် လုပ်ရပ်ကြီးကိုလုပ်ထားပြီး သူ၏ခမည်းတော်နှင့် ထိုကဲ့သို့ ဟက်ဟက်ပတ်ပတ်ကြီး ရယ်မောနေခဲ့သည့် ချင်းလန်ရင်းကို သူ သောက်မြင်တွေ ပို ပိုပြီး ကပ်လာမိ၍၊ ထို့ကြောင့်လည်း သည်းမခံနိုင်စွာ ခပ်တိုးတိုးလေး ဆဲဆိုမိလိုက်သည်ကို ကြားဖြစ်အောင် ကြားသွားရခြင်း ဖြစ်သည်။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) حيث تعيش القصص. اكتشف الآن