ချစ်တယ်ဆိုတာထက်ပိုပါတယ် အပိုင်း(၃)

2.8K 56 2
                                    

သူရိန့် စိတ်မှာ ပြတ်သည်။ သို့သော် သူ့အဖေကိုတော့မလွန်ဆန်နိုင် သင်တန်းသို့သွားရန် ကားမောင်းရင်း သူရိန်တွေးတောနေမိသည်။
   သူဘယ်လောက်ထိ အတွေးလွန်မိသည်မသိ သင်တန်းမှ ကားပါကင်သို့ ရောက်လာသည်မှ အလွန်မြန်လွန်းသည်ဟု ထင်နေသည်။
  ထိုစဉ်။
        သင်တန်းပေါ်သို့ တက်သွားသော ချာတိတ်မ တယောက်။ ဆံပင်က ပခုံးကျော်ကျော်လောက်နှင့် မျက်နှာမှာ ပကတိဖြူစင်လွန်းလှသည်။ အရပ်က ပုတုတုနှင့် ၅ပေ၁ ၅ပေ၂ လောက်သာရှိမည်။
        သူရိန်ဘာကြောင့်မှန်းမသိ သူ၏ မျက်လုံးများက သံလိုက်နှင့် ကပ်ထားသလို ထိုကောင်မလေးဆီမှ မခွာနိုင်အောင်ပင် လိုက်ကြည့်နေမိသည်။
       စကပ်တိုတိုနှင့် လှပနေသောသူမ။ ပုံမှန်ဆို မိန်းခလေးတွေ အတိုဝတ်ရင် မျက်စိဆံပက်မွေးဆူးတတ်သော သူရိန်။ သူရိန်၏မျက်ဝန်းထဲတွင်။ စကပ်တိုလေးနင့်ချာတိတ်မမှာ အမြင်မရိုင်းစေ ယဉ်ယဉ်လေးနှင့် မြတ်နိုးမိသည်။
       သူသင်ရသည့် အခန်းကပဲ ဖြစ်နေပါစေဟု ဆုတောင်းမိသည်။
      ထိုခလေးမ နောက်မှ လိုက်၍ ကြည့်မိသည် သူကတော့ သူရိန့်ကို မြင်သည်မထင်။
      သူရိန်၏ ဆုတောင်း ပြည့်သည်ဟုဆိုရမည်။သူသင်မည့်အတန်းထဲက ခလေးမ ဖြစ်နေသည်။
     ‌နောက်တော့ ချာတိတ်မက ကောင်မလေးတယောက်နားဝင်ထိုင်သည် သူ့ဘော်ဒါဖြစ်ပုံရမည်ဟု သူရိန်တွေးလိုက်မိသည်။
       ဆရာအသစ် အကြောင်း‌ပြောသံ သဲ့သဲ့ကြားရသည်။
ခုချိန်သူဝင်သွားရင်သူ့ကို ဆရာလို့ ထင်ပါ့မလား သူ့ကိုယ်သူ ပြန်ကြည့်မိသည်။ ဆရာရုပ်တစက်မှ မပေါက် သူ၏ လက်ဆွဲတော် အိတ်ကြီးသာမပါရင် သူ့ကို ဆရာဟု မြင်နိုင်စရာမရှိ။
       သို့သော်လည်း သူရိန် မဆိုင်းမတွ အတန်းထဲ့သို့ဝင်လိုက်သည်။
        ဆူညံနေသောစကားသံများရပ်သွားပီးနောက် ကိုယ့်ကို ကိုယ်မိတ်ဆက်ပီး သင်စရာရှိတာ ဆက်သင်နေလိုက်သည်။ စာသင်နေသော်လည်း ဟိုခလေးမကို ခိုးခိုးကြည့်မိနေသည်။
        တချက်ကြည့်လိုက်မိသည်တွင် ခလေးမနှင့်သူ့ဘော်ဒါ တီးတိုးပြောနေကြသည်။ ချာတိတ်မ စာအုပ်ကျန်ခဲ့ပုံပေါ်သည်။ မည်သို့ပင် စိတ်ဝင်စားသည်ဆိုသော်လည်း
သင်တန်းလာတာ စာအုပ်ကျန်ခဲ့သည်ကိုမူ သူလက်မခံနိုင်။

ချစ်တယ်ဆိုတာထက် ပိုပါတယ်Where stories live. Discover now