Unicode
နတ်ဘုရားတိုင်ကွန်း : [ မင်းအခု မင်ရည်ရှာဖွေသူနဲ့အတူရှိနေတာလား ]
'ဘော်ဒါကြီး...မင်းပြောတာ ခေါင်းစဥ်လွဲနေပြီထင်တယ်နော် '
သစ်သားချူလုံးလေး : [...သူနဲ့ကျွန်မနဲ့ အတူတူအတိုက်ခိုက်ခံရတာပါဆို...သူနဲ့မဟုတ်လို့ ဘယ်သူနဲ့အတူရှိရမှာလဲ ]
နတ်ဘုရားတိုင်ကွန်း : [ ...ငါ လရောင်အောက်က ကောင်တွေကို ဖုန်းဆက်ခေါ်လိုက်မယ်...ခနစောင့်အုံး..]
သစ်သားချူလုံးလေး : [...အကိုကြီးရယ်...ကျေးဇူးရှင်ကြီးရယ်..မြန်မြန်လေးလုပ်ပါ...]
နတ်ဘုရားတိုင်ကွန်းက ဘာမှပြန်မပြောတာကြောင့် သူဖုန်းဆက်နေတာပဲဖြစ်လိမ့်မယ်
ရှီရှန်းက ဂိမ်းရဲ့official websiteထဲကို၀င်ကြည့်ပြီး နောက်ခံသမိုင်းကြောင်းကိုသွားဖတ်လိုက်တယ် ဇာတ်လမ်းက အတော်လေးရိုးရှင်းပါတယ် ဂိမ်းကို နတ်ဘုရားနဲ့မကောင်းဆိုး၀ါးတို့ရဲ့စစ်ပွဲကြီးအပြီးနှစ်ပေါင်းတစ်ထောင်အကြာမှာ ဇာတ်အိမ်တည်ထားတာဖြစ်တယ်
နတ်ဘုရားမျိုးနွယ်စုရဲ့ အဓိကတာ၀န်က သူတို့ရဲ့နတ်ဘုရားခေါင်းဆောင်ကို ရှာဖို့ဖြစ်ပြီး မကောင်းဆိုး၀ါးမျိုးနွယ်စုကလည်း အကျဥ်းချခံထားရတဲ့သူတို့ရဲ့မကောင်းဆိုး၀ါးဘုရင်ကို ရှာဖို့လိုတယ်ဒါပေမယ့် ဒီထဲမှာလည်း အသုံးကျလောက်မယ့် သတင်းအချက်အလက်တစ်ခုမှမတွေ့ခဲ့ရပြန်သေးဘူး....
နတ်ဘုရားတိုင်ကွန်း ကသင့်ကို "ဒီနေ့ပိုက်ဆံမရသေးဘူးလား " အဖွဲ့ထဲသို့ ဖတ်ခေါ်ပါသည် လက်ခံလိုပါသလား?
ရှီရှန်းက ဖိတ်ကြားမှုကို အမြန်လက်ခံလိုက်တယ်
အမူးသမားနဲ့မုတ်သုန်လေတို့က အဖွဲ့ထဲမှာရှိနေနှင့်ပြီးသား
ပန်းသီးစိတ်ကလည်းရှီရှန်း အဖွဲ့ထဲရောက်ပြီးမကြာခင်မှာလိုက်၀င်လာတယ်
ထူးခြားတာက ခါတိုင်း ဟောင်ဖွာဟောင်ဖွာလုပ်နေတတ်တဲ့ နှင်းပွင့်လေးကတော့ ပေါ်မလာဘူးGroup chatထဲတွင်....
လရောင်အောက်ကမုတ်သုန်လေ : [အာ?..နှင်းပွင့်လေးက ဘာလို့မရောက်လာသေးတာလဲ..အကိုကြီးတိုင်ကွန်း...မနေ့က ခင်ဗျားအတော်ကြမ်းလိုက်တာလား...အခုတော့ သူအိပ်ရာထဲကတောင်မထနိုင်တော့ဘူးထင်တယ်..]
BẠN ĐANG ĐỌC
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.