အပိုင်း(၂)

239 19 0
                                    

"အဘ ကျွန်တော့်ကိုမတားလေနဲ့၊ကျွန်တော်ကိုယ်တိုင် ဘုရင့်နားတော်ပေါက်အောင်တိုင်ကြားမယ်"

"လူလေးရယ်...စိတ်လျော့ပါ၊ဘုရင့်နားတော်ပေါက်အောင်ထိတက်တိုင်ဖို့လွယ်မှမလွယ်ဘဲ၊အဘတို့တစ်မျိုးကြံကြတာပေါ့"

"အို...အဘကလည်း၊အဘကသာစီစဥ်မယ်၊ကြံပါဦးမယ်လုပ်နေတာ ရွာသားတွေကလည်စင်းခံနေရပြီလေ ရွာသားတွေကိုလည်းကြည့်ပါဦးသူကြီးရဲ့"

"ရော...ဒီကောင်လေးနှယ့်တယ်ခက်တာကိုး၊
အဘကအကြောင်းမဲ့သက်သက်နေနေတာမှမဟုတ်တာ၊မတော်လို့ လူလေးတိုင်တာဘုရင့်နားမပေါက်ဘဲ အမတ်ကြီးသာသိသွားရင်
တိုင်ရကောင်းလားပိုဖိမှာစိုးလို့ပါ"

"အဘရာ...သူကြီးဖြစ်ပြီးအဲ့လောက်သတ္တိမနည်းစမ်းပါနဲ့ ၊အဘကရွာတစ်ရွာတည်းမဟုတ်ဘူးနော်...သုံးရွာအုပ်ချုပ်နေရတာသုံးရွာ၊ထားပါ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ ခုံရုံးမှာနေ့နေ့ညညထိုင်ပြီးဦးတိုက်သွားလျှောက်နေမှာဘဲ"

ခြံဝိုင်းထဲရှိ ကုက္ကိုပင်အောက်ကွပ်ပျစ်တွင် သားအဖနှစ်ယောက်၏ အချေအတင်စကားသံများခပ်ကျယ်ကျယ်။လူကြီးမျက်နှာက ချင့်ချင့်ချိန်ချိန်နှင့်မြော်မြင်တွေးတောဟန်ရှိနေသော်လည်း လူငယ်လေးကတော့ထိုအရာကိုပင် အချိန်ကုန်သည်ဟုမှတ်ယူကာ တဇွတ်ထိုးပြတ်ပြတ်သားသားသာလုပ်ချင်သည့်ဟန်...
လူငယ်လေးကြောင့် ဖခင်သူကြီးခေါင်းခဲရလေပြီ။

ဤနယ်ကို အပိုင်စားရသော အမတ်ကြီးထိပ်ပျံချီသည် တောင်ပိုင်ရှင်မိဖုရားခေါင်ကြီး၏အစ်ကိုဖြစ်ပြီးအသိင်္ခယာမင်းလက်ထက်ကတည်းက သြဇာကြီးကာ အပိုင်စားရသောနယ်မြေများကို မတရားသောနည်းဖြင့်ခေါင်းပုံဖြတ် အမြတ်ထုတ်ကြီးလေးသောအခွန်အတုတ်များကောက်ခံတတ်သည်ဖြစ်ရာ ပြည်သူတို့များစွာဆင်းရဲရသည်။ယခုလည်း တရားမျှတသော၊ပြည်သူ့အကျိုးငဲ့တတ်သော တောင်ပိုင်ရှင်မင်းနန်းတက်သည်ဆိုပေမဲ့ မိမိတို့ရွာသားများအမတ်ကြီးပျံချီ၏
စနက်အောက်မှ မလွတ်သေးသဖြင့် လူငယ်လေးအလွန်ဒေါသထွက်လှသည်။

"ပြည်သူတွေကိုကြည့်တဲ့ဘုရင်တဲ့...ဘာ
ကြည့်တာတုန်း၊အေးလေ ကြည့်မယ့်ကြည့်
သူ့နန်းမြို့နဲ့လက်တစ်ကမ်းကပြည်နယ်တွေ ကိုသာကြည့်မှာပေါ့၊ကျွန်တော်တို့လို ဝေးလံခေါင်ဖျားတဲ့ဒေသက ပြည်သူတွေကိုလိုက်ကြည့်မတဲ့လား...ဒါကြောင့်သူမကြည့်လည်း ကျွန်တော်တို့ကကြည့်အောင်လုပ်ရမယ်အဘ...ကျွန်တော်ကိုမတားနှင့်တော့"

ပြည့် ရတနာ(ျပည့္ ရတနာ)Opowieści tętniące życiem. Odkryj je teraz