~

1.1K 140 12
                                    

Unicode

နွေဦးရာသီတဲ့
ကျွန်တော်သဘောကျတဲ့အဝါနုရောင်သစ်ရွက်လေးတွေတဖြုတ်ဖြုတ်ကြွေနေပြီ

မြို့ရဲ့ လမ်းအသွယ်သွယ်တိုင်းမှာကြွေကျနေတဲ့ အဝါနုရောင်သစ်ရွက်ကြွေလေးတွေဟာသိပ်ကိုလှတယ်
သို့ပေမဲ့ ဒါလင်ကပိုလှတယ်

မီးဖိုချောင်ထဲတွင် ပေါင်မုန့်ဖုတ်ရန်အတွက်ဂျုံနယ်နေတဲ့ဒါလင့်ကိုကြည့်လိုက် ပြတင်းပေါက်အပြင်ဘက်က‌သစ်ရွက်ကြွေတွေကိုကြည့်လိုက်နှင့် ကျွန်တော့်အမြင်အာရုံကအလုပ်ရှုပ်နေလေသည်။

"မောင်ရေ  ဒါလင့်ကိုရေခဲသေတ္တာထဲကနေ မုန်လာဉနီလေးတွေထုတ်ပေးပါလား "

"လာပြီ လာပြီ ဒါလင့်ကိုကူဖို့ ဟောဒီကအမောင် ကင်ထယ်ယောင်း ‌လာပါပြီဗျာ"

"အပြောအသာထား လူအရင်လာ "

"ဟုတ်ကဲ့ဗျ"
ရေခဲသေတ္တာတံခါးကိုဖွင့်ရင်း မနေ့ကလေးတင်ကျွန်တော်တို့အတူဝယ်လာတဲ့ မုန်လာဉနီဘူးကို ဒါလင့်ဆီကမ်းပေးလိုက်သည်။

"အပန်းမကြီးရင် ရေလေးဆေးပြီးအခွံလေးပါနွာပေးပါလား မောင် ဒီမှာ ဒါလင်က ပေါင်မုန့်ဖုတ်ဖို့ဂျုံနယ်နေရတာ လက်မအားလို့ နော်"

ဒါလင်က သွားလေးဖြီးကာ‌လေချိုသွေးရင်းခိုင်းလာသောကြောင့် ကျွန်တော်ပြတ်ပြတ်သားသားတစ်ခွန်းသာပြန်ပြောလိုက်သည်
ဒါမျိုးတော့လာမခိုင်းနဲ့ ကင်ထယ်ယောင်းတဲ့တစ်ယောင်းတည်းရှိတယ် လို့ပြောစရာလား

"ဒါလင့်သဘော ဒါလင့်သဘော "လို့သာသူပြောပါမည်

"မောင်ရေ အဲ့မုန့်လာဉနီကိစ္စပြီးရင် မုန့်တွေနဲ့ထိုင်စရာအခင်းထည့်ဖို့ဆွဲခြင်းကိုဗီရိုထဲကထုတ်ပေးပါအုံး "

"ဟုတ်ကဲ့ဗျာ"

ဤသည်မှာ Kim Taehyung ၏နေ့စဉ်ဘဝပင်ဖြစ်သည် ။

ကျွန်တော်နဲ့ Hoseok Hyung တို့လက်ထက်ခဲ့ကြတာ အိမ်ထောင်သက် ၅ နှစ်စွန်းခဲ့ပြီဖြစ်သည်...
ကျွန်တော်တို့စတွေ့ခဲ့သည့်အချိန်ကနေအခုလက်ထက်ပြီးသည်ထိ Hoseok Hyung ကို ကျွန်တော်အမြဲတမ်းပန်း‌လေးလိုဂရုစိုက်ခဲ့သည်  ပန်းလေးကိုဘာအစွန်းအထင်းမှမရှိအောင်ကာကွယ်ပေးခဲ့သည် နေကြာပန်းလေးကနုနယ်သည်လေ ။

You've reached the end of published parts.

⏰ Last updated: May 19, 2021 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော့အိမ်နီးချင်းနေကြာပန်းလေး (oneshot)Where stories live. Discover now