Part-39 လင်းရာဘုံကျောင်း/လင်းရာဘုံကျောင်း

6.7K 838 19
                                    

Unicode

" ချွေ့ဖူးယာ!''

အသံခပ်မာမာနှင့် အော်လိုက်မိတော့လည်း မျက်လွှာလေးချကာ ပုခုံးလေးများ မြင့်တက်သွားသည်အထိကို ကြောက်လန့်သွားပြန်သည့် ကောင်ဆိုးလေး။သတ္တိမရှိဘဲ အရွဲ့တိုက်ကာ ဂျစ်ကန်ကန်လုပ်ပြနေပေမဲ့ ငကြောက်လေးကတော့ ငကြောက်လေးသာ ဖြစ်နေသေးသည်။

အနည်းငယ် တုန်ယင်သွားရှာလေသည့် ခန္ဓာကိုယ်လေးကို သူ၏ရင်ခွင်ထဲကို ဆွဲယူလိုက်ပြီးဘဲ ငြိမ်သက်ခွင့်ပေးလိုက်သည်။

"ရှောင်ယွီတင် မဟုတ်ဘူး...ရှောင်တစ်အိမ်တော်လုံးနဲ့ မင်းက ကိုယ့်အတွက်တော့ ကမ္ဘာကြီးတစ်ခုလိုဘဲ ဖူးယာ...နောက်တစ်ခါ အဲ့ဒီလောက် စရိုက်ဆန်ပြီး ကြမ်းရှတဲ့ စကားမျိုးတွေ ထပ်မပြောပါနဲ့။ရှောင်ယွီနဲ့ ပတ်သက်ပြီးလည်း ကိုယ်တကူးတကကြီး ထပ်ပြီး မဖြေရှင်းချင်ဘူး။ပြောပါဦး...ကိုယ့်ကိုကြောက်တယ် မဟုတ်လား...''

ဆိုတော့ ဖူးယာက မည်ကဲ့သို့များ ဖြေပေးလိုက်ရမည်နည်း?

ကြောက်လှပါသည်ဆို ပို၍ပင် ဖြဲပြကာ ခြောက်လှန့်ဖို့ လာလုပ်နေသည်။ထို့ကြောင့်လည်း အဖတ်တွယ်ခံထားရသည့် အတိုင်းသာ ငြိမ်နေပေးမိတော့ လူကို ပုခုံးနှစ်ဖတ်မှ ကိုင်ကာ ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်ပြန်ရင်း အကြည့်ချင်းဆုံစေပြီးနောက် ဆိုလာပြန်သည်။

"ကိုယ်မေးနေတယ်လေ ဖူးယာ...ကိုယ့်ကို ကြောက်လားလို့...''

"အင်...အင်း...နည်းနည်း...နည်းနည်းလောက်ပေါ့...''

သတ္တိရှိချင်ဟန်ဆောင်နေသည်။ပြီးခဲ့သည့်ရက်က အင်မတန် ကြမ်းတမ်းလိုက်မိ၍ ဒီကနေ့မှာတော့ အနည်းငယ် လွတ်ငြိမ်းချမ်းသာခွင့်လေး ပေးထားဦးမည်ဟု တွေးထားမိလို့သာ မဟုတ်ရင်၊ သူ့မှာ အနှီကြောင်ပေါက်လေးကို ငိုသွားသည်အထိ ဆွဲနမ်းပစ်လိုက်ချင်စိတ်တို့ကို မနည်းမနော ထိန်းချုပ်နေရသည်။

သို့သော်လည်း အနှီအရိုင်းအစိုင်းလေးက ခြိမ်းခြောက်ထားမှ တော်ကာကျလိမ့်မည်ပင်။အတိတ်ကို ပြန်သတိရလာပြီးနောက်ပိုင်း ရှုဖုန်းနှင့်ထပ်တူကျလွန်းစွာ ဆဲဆိုတက်လာခဲ့သည်ဘဲ ကြည့်။သူ့ကိုလည်း လိမ်ညာတက်နေသည်။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Donde viven las historias. Descúbrelo ahora