ခါး သက် သက် ချစ် ခြင်း Ep 1

62 4 0
                                    


တိတ်ဆိတ်နေသော ည ကို မဲမှောင် မှုတို့ ကတန်ဆာစင် ရင်း...
ခြောက်ခြားမှု... ကြောက်ရွံ့မှုတို့နဲ့ အတူ လွန်ဆွဲနေသည်

မြို့ထဲက အိမ်ခြေလေးတွေကလည်း တိတ်ဆိတ်လို့ မီးရောင် ပြပြလေးတွေကလည်း ဟိုနားတစ်စု ဒီနားတစ်စုနှင့် လေးတိုး သံတောင် ကြား နိုင် ဖို့ ခဲယဥ်းလွန်းလှသည်

ထို မြို့ပြနဲ့ အလှမ်းဝေးတဲ့ ခြံကျယ်ကြီး မှာတော့  ဒါဏ်ရာ ဗလပွနဲ့ကောင်လေးကို ကောင်မလေးတစ်ယောက် က စိုးရိမ်တကြီးတွဲထားရင်း  ညအမှောင် ခြံကြီး ကျယ်ကျယ်တွင် အသက်လုပြေးနေရသည်

တဖက်တွင် ထို ကောင်လေးနဲ့ ကောင်မလေးကို အမဲဖျက်ချင်သလို လိုက်နေကြသောလူတစ်စု

" အားတင်းထားပါ ထယ်ယောင်း အိုပါး "

သွေးထွက်လွန်ပြီး ဖြူဖက်ဖြူရော် နဲ့ သတိရှိလိုက် မရှိလိုက် ဖြစ်နေသော ထယ်ယောင်းကို ကြည့်ရင်း ကျွန်မ မခံစားနိုင်ပါ
ကျွန်မ  ပြောစကားကို ခေါင်းငြိမ့်ရုံလေးတောင်မ လုပ်ပြလို့
သူ့ကို ကြည့်ရင်း ကျွန်မ ရင်တွေလည်းပူလှပြီ...

ခြံကြီးက ကျယ်လွန်းပြီး ဘယ်နေရာ ပြေးရမယ်မှန်းမသိတော့ မှောင်နေ လို့
နေရာ အတိအကျမသိတာလည်းပါသည်
ခြံကြီးမှာ ခန်းနားလှတဲ့ အိမ်ကြီးအပြင် အုံ့မှိုင်းမှိုင်း သစ်ပင်များနဲ့ ရေကန်ကြီးတစ်ခု တ ခြားထွေထွေထူးထူး မရှိ
ခြံ ပြင်တံခါးနဲ့ အိမ်ကြီးကလည်း တော်တော်လှမ်းလွန်းသည်

" ဟေ့ ကောင်တွေ မင်းတို့ အခုထိ သူတို့ကို မမိသေးဘူးလား?  "

သောက်လက်စ ဆေးလိပ်တို ကို ပစ်ချရင်း
ဂျုံးကု စိတ်ပျက်စွာ  ငြီးလိုက်သည်

" အလကား အသုံးမကျတဲ့ ကောင်တွေ ဒီလူလေး နှစ်ယောက်တောင် မိအောင်မဖမ်းနိုင်ကြဘူး ငါ့နားက သွားကြကွာ
မဟုတ်ရင်  သူတို့ အစားမင်းတို့ကို သတ်မိတော့မယ် "

ထိုစကား
ကြားတာနဲ့ ဂျုံးကု ဘေးက လူတွေလည်း အရင်ကထက် ပိုအလောတကော ရှာနေကြပြန်တယ်

ကလေးရယ် မင်း စိတ်ထဲဘာတွေများတွေးမိပြီး ကိုယ့်ကို အဲ့လို လုပ်ရက် တာလဲကွာ
ထယ်ယောင်းဆိုတဲ့ ကောင်က မင်းကို ကိုယ့်ထက်များပို ချစ်နိုင်မယ်လို့ ထင်နေလို့များလား

ဟာ မဖြစ်ဘူး ကလေးကို ကိုယ့် ရင်ခွင်ထဲက ဆွဲထုတ်သွားတဲ့ သူမှန်သမျှကို ကိုယ် လုံးဝခွင့်မလွှတ်နိုင်ဘူး

ခါး သက် သက် ချစ် ခြင်း ..... Where stories live. Discover now