Chapter 2 ( The Third, The Fourth and The Fifth )

707 114 70
                                    

................" Who will be chosen? "................

ပိတ်ရက်မဟုတ်ပေမယ့်အတော်လေး လူစည်ကားနေသည်။

အဘယ့်ကြောင့်ဆိုသော် လေ့လာရေးခရီးလာကြသော ကျောင်းသားများကြောင့်ပင်

နေရာအနှံ့အပြားမှာ ပြေးလွှားပြီး ကြည့်‌တဲ့သူက ကြည့် ဆရာရှင်းပြနေသည့် သမိုင်း‌ကြောင်းများကို နားထောင်နေတဲ့သူက နားထောင် နှင့် အတော်လေးစည်စည်ကားကားရှိလှသည်။

လွတ်လွတ်လပ်လပ်လေ့လာခွင့်ရထားတာကြောင့် တစုတစီးထဲမဟုတ်ပဲ ရောက်ချင်တဲ့သူက ရောက်ချင်တဲ့နေရာရောက်နေကြသည်။

သူကလည်း သူငယ်ချင်းအဖွဲ့နှင့်ကွဲကာ တစ်ယောက်ထဲဖြစ်နေသည်။

အခုသူရောက်နေတာက ရှေးဝတ်စားဆင်ယင်မှုပြခန်းမှာ ဖြစ်သည်။

ရှေး‌ခေတ်ကာလကဝတ်‌ဆင်ခဲ့ကြသော အဝတ်အစားနှင့် လက်ဝတ်ရတနာပစ္စည်းများကို တစ်ခုချင်းအသေးစိတ်လိုက်ကြည့်နေမိသည်။

အရင်ခေတ်ကလူတွေရဲ့ ဝတ်စားဆင်ယင်မှုပုံစံက အရမ်းကိုသက်တောင့်သက်သာမရှိပုံပဲ

အထပ်ထပ်တွေဝတ်ကြတော့ နွေရာသီဆိုမပူဘူးလားမသိဘူး

အရင်တုန်းက Global warming ဘာညာ ရာသီဥတုမပျက်စီးသေးတော့ အခုလို အရမ်းမပူလို့လဲ ဖြစ်မှာပေါ့လေ

အင်းအင်း.......ထားပါတော့

ထို့နောက် ဘေးက 'ရှေးခတ်စစ်သူကြီးများ၏ ဝတ်စားဆင်ယင်ပုံ' ဟု ရေးထိုးထားသော နေရာသို့ရောက်လာခဲ့သည်။

မှန်ကောင်တာထဲတွင် ရုပ်ထုကြီး 5 ရုပ်ကို ဘေးတိုက်အစီအရီချထားသည်။

တစ်ရုပ်ကို မတူညီသော အဝတ်အစားတစ်မျိုးနှင့်

ပုခုံးများနှင့် လက်များတွင် သံချပ်ကာများ အပြည့်

ဓားတွေကကည်း ကိုင်ထားကြသေးသည်။

"လှုပ်ရရှားရလွယ်မှာတော့မဟုတ်ဘူး"

သံချပ်ကာတွေက အဝောာ်လေးမယ့်ပုံ

ဒါပေမယ့်လည်း သူတို့က စစ်သူကြီးတွေဥစ္စာ

သူတို့အတွက်တော့ ဘာမှမဟုတ်သလောက်ပေါ့

ကိုယ့်ဟာကိုယ်တွေ့ရင်းသာ ဇွတ်ခေါင်းတွေငြိမ့်နေတော့သည်။

The Seven Onde histórias criam vida. Descubra agora