#Uni
လမ်းမထက် တစ်ရိပ်ရိပ်ပြေးနေသော Taxiအငှားကား၏နောက်ခန်းထဲမှာ တစ်ယောက်တည်းထိုင်ရင်း Doyoung တွေဝေငေးမောနေမိသည်။
အဆင့်မြင့်တိုက်ခန်းများ၊စျေးဝယ်စင်တာများမှာ ဝင်ထွက်သွားလာနေကြသောလူတွေ။
လမ်းဘေးဝဲယာပလက်ဖောင်းထက်မှာ ဟိုဟိုဒီဒီဥဒဟိုသွားလာနေကြသောလူတွေ။
ထိုထိုသောလူတွေထဲကမှ သူ့အာရုံကိုညို့ယူဖမ်းစားလိုက်သော မိသားစုလေး။
ဖေဖေနှင့်မေမေကို တစ်ယောက်တစ်ဖက်စီလက်တွဲထားပြီး မျက်နှာထက်မှာအပြုံးပန်းတွေဝေဆာနေတဲ့ ကလေးလေး။
သားလေးကို ကိုယ်စီလက်တွဲထားကြပြီးတော့ သားမျက်နှာတစ်ကမ္ဘာထင်နေကြတဲ့ မိဘများ။
ထိုကလေးရဲ့မိသားစုကို Doyoung ကားပေါ်မှ သမင်လည်ပြန်လှည့်ကြည့်မိသည်အထိ။ဘဝမှာ Doyoung မရခဲ့တဲ့ မိဘနှစ်ပါးရဲ့မေတ္တာတရားတွေကို ဒီမြင်ကွင်းလေးမှာ မြင်တွေ့နေရသလိုပါပဲ။
Doyoung ဆိုသော သူ့ဘဝကတော့ မွေးကတည်းက ကံတရား၏စီမံရာတွေကို ကျေကျေနပ်နပ်လက်ခံလာရတာ အခုအချိန်ထိပဲဆိုပါတော့။
သိတတ်စအရွယ်တည်းက မိဘမေတ္တာငတ်ခဲ့ရတဲ့ Doyoungဆိုတဲ့ကျွန်တော်။
ကလေးတိုင်းရခဲ့တဲ့ ကစားစရာအရုပ်တွေ၊ကစားဖော်ကစားဖက်တွေ၊မိဘနှစ်ပါးရဲ့ဂရုစိုက်မှုတွေ ကျွန်တော်မရခဲ့။
ကလေးဘဝမှာ ကျွန်တော်ရခဲ့တာက အော်ဟစ်ရန်ဖြစ်သံတွေ၊အိုးခွက်ပန်းကန် ပေါက်ခွဲသံတွေ၊မျက်ရည်နှင့်ရှိုက်သံများသာ။"ကဗျာဆရာယောင်ယောင် ဘာယောင်ယောင်နဲ့ အလုပ်ကျတော့ လက်ကြောတင်းအောင်မလုပ်ချင်ဘူး....ဒီလိုပုံနဲ့တော့ တစ်သက်လုံး လူမွေးလူတောင်ပြောင်ပါတော့မလား..."
"မင်းပြောတော့ ငါ့ကိုချစ်လှပါရဲ့ဆို။ဂုဏ်တွေဒြပ်တွေမမှုပါဘူးဆို။ဟင်.....အခုတော့ အပြောင်းအလဲမြန်လိုက်တာ။ဘာလဲ....လာခဲ့ရတဲ့ရွှေပေါ်မြတင်ဘဝကို ပြန်လွမ်းနေပြီလား....ရွှေမင်းသမီးရေ...."
"အို....ရှင် ကျွန်မကို ဒီလိုမျိုး ပြောနေစရာ အကြောင်းမရှိဘူး။ ရှင့်ဟာရှင် လက်ကြောမတင်းလို့ အလုပ်လုပ်ဖို့ ကျွန်မက ပြောနေရတာ။ ဒီလိုမျိုး မွဲတေနေတဲ့ဘဝနဲ့ တစ်သက်လုံး မနေနိုင်ဘူး။ ရှင့်အချိုးတွေပြင်ရင်ပြင်။ မပြင်ရင်....."
YOU ARE READING
The Tale Of Us || JaeDo || Unicode+Zawgyi
Fanfictionပြတ်တောက်သွားသည့် သံယောဇဥ်ကြိုးမျှင်လေးဟာ ငါးနှစ်ကြာပြီးနောက် တစ်ဖန်ပြန်လည် နှောင်တွယ်နိုင်ဦးမှာလား? - Jung Jaehyun - Kim Doyoung - Started: 22.5.2021