"ရတယ် ကိုမိုး ဒီနား အထိပဲ ပို့တော့ ၊ အထွန်း လမ်းလျှောက်ပြန်လိုက်မယ်"
"ဖြစ်ရဲ့လား "
"ဖြစ်ပါတယ် ကိုမိုးရဲ့ "
"ဒါဆို အကိုသွားတော့မယ်နော် "
အထွန်းက ကိုမိုးကို နှုတ်ဆက်ပြီး လမ်းလျှောက်ပြန်တော့သည်။
အမေက အထွန်းကို စိတ်ဆိုးရင် ဆိုးနေမှာ ။
အထွန်းက ပွဲကြည့်ချင်တာကို ကိုမိုးနဲ့တော့ မသွားစေချင်ဘူးတဲ့ ။
လှကြည်နဲ့ လို့ ပြောပြီး ကိုမိုးနဲ့ သွားတာကို အမေသိရင် စိတ်ဆိုးတော့မှာပဲ။ဒါပေမယ့်လည်း မသိအောင်နေလို့ရပါတယ် ။
အထွန်းလေ အမေ့ကို မညာချင်ပါဘူး ။
ဒီတစ်ခါလေးပဲ ကိုမိုးနဲ့ သွားချင်လွန်းလို့ ညာမိတာ။ခြံထဲသို့ ဝင်ဝင်ချင်းတွင် အထွန်း ခြေထောက်သို့ ရပ်လိုက်မိသည်။ ဒီနေ့ အထွန်း အိမ်ကို ဧည့်သည်တွေ ရောက်နေတာလား ။ ထူးထူးဆန်းဆန်း။
အိမ်ပေါ်သို့ ရောက်သောအခါတွင်တော့ အထွန်း အံ့ဩသွားရပြန်ပါသည်။
ဘကြီးလည်း ရောက်နေတယ် ၊ ကြီးမြလည်း ရောက်နေတယ် ။ ပြီးတော့ အိမ်နားက လူတွေရောပဲ ။
အထွန်းကို ဘာလို့ အဲလို ကြည့်နေကြတာလဲ ။ အထွန်းကို ကြည့်တဲ့ အကြည့်တွေက ထူးဆန်းလိုက်တာ။
ဘေးပတ်ပတ်လည်ကို ကြည့်နေဆဲမှာပင် အထွန်း ပစ်လဲသွားရသည်။
ကြီးမြက အထွန်းကို ဘာလို့ ရိုက်တာလဲ။
"နင် အိမ်ပြန်လာရဲသေးတာလား"
"ကြီးမြ"
"ဘာကိစ္စအိမ်ပြန်လာသေးတာလဲ ဟဲ့ "
နားမလည်သလို ကြည့်နေဆဲမှာပင် လက်ဝါးတစ်ချက်က ပါးပေါ်သို့ ကျလာပြန်သည်။
"နင်ဟာ ကောင်းကျိုးမပေးတဲ့ အကောင် ၊ နင့်ကြောင့်နဲ့ ငါ့ညီမက "
အထွန်း လန့်သွားမိသည် ။ အမေ ဘာများဖြစ်လို့လဲ။
"အမေ အမေ ဘာဖြစ်လို့လဲဟင်"
"ဘာဖြစ်မလဲ သေပြီ "
"ဟင်"
"နင့်ကြောင့် နင့်အမေ ငါ့ညီမ သေပြီဟဲ့ "
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Lãng mạn"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"