Part -25

644 86 20
                                    

   မနက်ခင်းရဲ့သဘာဝတရားကြီးက လှပနေသည် သစ်ရွက်လေးတွေကလည်း လှုပ်ခက်နေသည် လေပြေအေးအေးများကလည်း တိုက်ခက်နေသည်

"ဟိတ် စာကြည့်လေ...
ဘာတွေငေးနေတာလဲ"

"ဒီလိုပါပဲ..."

သူငယ်ချင်းဖြစ်သူရဲ့ပြောစကားကို တုန့်ပြန်လိုက်ပြီး အတွေးတို့ကို ရှေ့ဆက်မိပြန်သည်

"လီလီရေ....
လီလီကိုစာကြည့်မပျင်းဖို့ပြောခဲ့တဲ့
ယောင်းလေ...အခု ယောင်းကိုယ်တိုင်
စာကြည့်ဖို့ပျင်းရိနေပြီ သိလား...
ယောင်းအနားနေပြီး ယောင်းကိုစာကြည့်ဖို့ ဂရုစိုက်တတ်တဲ့ လီလီကို ယောင်းလွမ်းတယ်နော်
စာမကြည့်တဲ့ယောင်းကို အရင်ကလို စာအုပ်လေးယူလာပြီး ယောင်းရှေ့ချပေးအုံးလေ....လီလီရဲ့😔
အမြဲတမ်းမလုပ်ပေးနိုင်ပဲနဲ့ ဘာလို့ယောင်းကိုအကျင့်ဖြစ်အောင်လုပ်ပေးခဲ့တာလဲ
လီလီဆီက စာကြည့်လေ ယောင်းလို့ ပြောတဲ့အသံလေးမကြားရရင် အခု ယောင်းစာမကြည့်ချင်တော့ဘူး "

ချယ်ယောင်း အတွေးထဲဝယ် လီလီဆိုတဲ့ကောင်မလေးက စိုးမိုးထားသည်

"ချယ်ယောင်း....စာထဲအာရုံစိုက်
မင်းက top 5 ထဲကနော်
Topတွေဆိုတာ အမြဲတမ်းစာကိုပဲအာရုံစိုက်ရမယ် ကြားလား"

"ဟုတ် "

ဒီနေ့ ယောင်းအဆူခံရတယ် လီလီ....
အဆူခံရတာချင်းတူရင်တောင်
လီလီဆီက အဆူခံရတာက ပိုနားထောင်ကောင်းတယ် ပိုနှစ်သက်တယ် လီလီ....

နေ့လည်ခင်း အတန်းဆင်းသည်နှင့် ထမင်းအပြေးအလွှား စားခဲ့ပြီး ပြာရိပြာယာ ရေချိုးလိုက်သည်
ပြီးလျင် တစ်ယောက်သောသူရဲ့အသံလေးကိုနားသောတဆင်လို၍ အဆောင်နားကဖုန်းဆိုင်သို့ သွားရန်ပြင်လိုက်သည်

"ဟိတ် အိမ်ကလာလို့လား"

"ဟမ် ငါ့ကိုပြောတာလား"

"ဟုတ်တယ်
နင့်ပုံစံက အရမ်းတက်ကြွနေတော့
အိမ်က လာတွေ့လို့များလားလို့ပါ"

"မဟုတ်ပါဘူး
ဖုန်းသွားဆက်မလို့"

"အော် အိမ်ကိုလွမ်းနေပြီပေါ့"

"မဟုတ်ပါဘူး
ငါ့သူငယ်ချင်းဆီဆက်မလို့"

"အဲ့တာဆို ငါရောလိုက်ခဲ့လို့ရမလား
အိမ်နဲ့ဖုန်းပြောချင်လို့
အတူတူသွားရအောင်"

Fight For Our Silent LoveTempat cerita menjadi hidup. Temukan sekarang