Part -26

617 76 20
                                    

"မေမေ ဒီနေ့ မမ ပြန်လာမှာမလား"

"ဟုတ်တယ်လေ သားရဲ့
မင်း ဖေဖေ သွားကြိုနေပါပြီ"

"ရေး.....မမပြန်လာရင် မုန့်ပါလာမှာကွ"

"သားကတော့လေ....."

မိခင်ဖြစ်သူမှ သားငယ်၏ သူ့အမပြန်လာရင် မုန့်ဝယ်လာမည့်အရေး ကြိုတွေးပြီး ပြုံးပျော်နေသည်ကိုကြည့်ပြီး ပီတိဖြစ်နေသည်

"တီ...တီ...တီ...."

"ဟော...ဟွန်းသံပေးကုန်ပြီ သားရေ
မင်းအမတို့ ရောက်ပြီထင်တယ်"

"ရေး......
မမရေ ပြန်လာပြီလား"

"ပြန်လာပါပြီရှင်...."

အငယ်ကောင်က အမဖြစ်သူကို ခရီးဦးကြိုပြု၍ သူ့အမ၏ ကျောပိုးအိတ်လေးကို အိမ်ထဲသို့ ကူသယ်သွားသည်

"မေမေရေ.....
အို့....အန်တီရော အလည်ရောက်နေတာကိုး"

"ဟုတ်တယ် သမီးလေး"

အိမ်ထဲဝင်လိုက်လျှင်ပဲ ယောင်း၏မေမေက
လီလီတို့အိမ်အလည်ရောက်နေသည်ကိုတွေ့လိုက်ရသည်

"သမီးလေး စာတွေလိုက်နိုင်ရဲ့လား
နေရတာရော အဆင်ပြေရဲ့လား"

"ဟုတ် စာလည်းလိုက်နိုင်ပါတယ်
နေရတာလည်း အဆင်ပြေပါတယ်"

"မမရေ...
ကျနော့်အတွက် မုန့်ဝယ်မလာဘူးလား"

"ဝယ်ခဲ့ပါတယ်ဟယ်"

"ရှာမတွေ့ဘူး..... လာအုံး"

အငယ်ကောင်ကတော့ အမဖြစ်သူပြန်လာတာကိုပျော်နေတာထင်တာ
ဘယ်ဟုတ်မလဲ သူ့အတွက်မုန့်ဝယ်လာမှာကို တွေးပျော်နေတာပဲ

"ကဲ သမီးရေ...သမီးမောင်လေးကိုသွားကူလိုက်ပါအုံး"

"ဟုတ် အန်တီ သမီးကိုသွားခွင့်ပြုပါအုံး"

ညနေခင်းရဲ့လေပြေသွေးသွေးလေတွင် မီးဖိုခန်းဆီက ဟင်းနံ့သင်းသင်းပျံ့ပျံ့လေးက ဆွဲဆောင်နေသည်

" ဝါး.....ဟင်းနံ့လေးကမွှေးကြိုင်နေတာပဲ
ဒီနေ့တော့ ထမင်းစားကောင်းတော့မယ်ထင်တယ် မေမေရေ"

" အဲ့တာဆိုလည်း ထမင်းစားကြစို့လေ
ကဲ သမီးဖေဖေနဲ့မောင်လေးကို ထမင်းစားရအောင်ပြောလိုက်တော့
မေမေပြင်ထားလိုက်မယ်"

Fight For Our Silent LoveМесто, где живут истории. Откройте их для себя