"ဟယ်လို~~~ ကျန့်ကော ဆိပ်ကမ်းအမှတ် လေးကို တန်းလာခဲ့ပါလား~~ ကျတော် အာ့ကိုပဲ တန်းသွားတာမို့~~~"
"ဟာ~~ ကိုယ်က ဌာနတောင် ရောက်တော့မယ်~~ OK ကိုယ် နည်းနည်းပဲ နောက်ကျမှာပါ~~~"
"Ok~~ "
တီ!!!!!
ရိပေါ်ဟာ ကားပေါ်ကနေ ဆင်းလိုက်ပြီး အခင်းဖြစ်ပွားရာ နေရာစီသွားတော့
လဲကျနေတဲ့ အလောင်းနဲ့အတူ သွေးကွက်တစ်ခု~~~
"စစ်ကျွေး~~ အခြေအနေ ဘယ်လိုလဲ~~"
"လူသတ်လက်နက်ကို မသိရသေးဘူး~~ ဦးခေါင်းအနောက်ဘက်မှာ ရိုက်ခံထိထားတယ်လို့ သတ်မှတ်ရတဲ့ ဒဏ်ရာ တစ်ခုရှိတယ်~~ ကျတော်မှန်းတာ မမှားဘူးဆိုရင် ဘေ့ဘောစ်ရိုက်တံ~~ လို့ထင်တယ်~~~~"
"ပစ္စည်းလုတာလား~~"
"ဟင့်အင်း ရိပေါ်~~ ခန္ဓာကိုယ်ပေါ်မှာ ဘာမှ မပျောက်ထားဘူး~~ ဒါပေမယ့် ကုန်တွဲ နံပါတ် 105 ကိုတော့ ဖောက်ထားတယ်~~~"
"အာ့ကုန်တွဲပိုင်ရှင်ကို စုံစမ်းပြီးဟပြီလား~~"
"အဲ~~ဒါ~~ အကိုရှောင်ကျန့်ရဲ့နာမည်နဲ့ ကုန်တွဲ~~"
"ကျန့်ကောဟာ~~~ ဟုတ်လား~~"
"ပြီးတော့ ရိပေါ်~~"
စစ်ကျွေးဟာ ဘေးက လူအရိပ်အကဲကို ကြည့်ပြီး အသံကို နှိမ့်ကာ'~'~~
"ဒီဆိပ်ကမ်းအကြောင်း မင်းလဲ သိတာပဲ ရိပေါ်~~ မူးယစ်ဆေးအရောင်းအဝယ် အများဆုံးနေရာ~~ ပြီးတော့ ဒီကုန်တွဲ သွားရမယ့်နေရာက မြို့ပြင်က ဂိုဒေါင်~~ ပစ္စည်းတွေကို အလုံခြုံဆုံး သိမ်းပေးတဲ့နေရာ~~~ ငါတို့အထက်က နိုင်ငံရဲတပ်ဖွဲ့တောင် မသက်ရောက်တဲ့နေရာ~~~~"
"မင်းပြောချင်တာ ကျန့်ကော ဥပဒေနဲ့ မလွတ်တာ တစ်ခုခု လုပ်ပြီး ဒီလို ရပ်တည်နေတယ်ပေါ့~~~"
"ကျစ်~~ ငါ အာ့လိုလဲ မဆိုလိုဘူး~~ ကုန်တွဲထဲမှာ ဘာတွေ ပါလဲ ~~ ပစ္စည်း စာရင်း အတိအကျ ငါတို့အခုထိ မသိသေးဘူး~~ပြီးတော့ တရားခံက ဘာတွေ ထုတ်ယူသွားလဲ ငါတို့ မသိရသေးဘူး~~"
"ကျန့်ကောက အာ့လို လူမျိုး မဟုတ်လောက်ပါဘူး~~~ငါ ယုံတယ်~~"
"ငါက အခြေအနေတွေအရ ပြောပြတာပါ~~ မဟုတ်စေဖို့ပဲ ဆုတောင်းရတာပေါ့~~ ပြီးတော့ မင်းလုပ်ရမှာကို မင်းသိပါတယ် ရိပေါ်~~"
