*ကိုယ်က အစွဲအလန်းသိပ်ကြီးတယ်.
ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို ခွင့်ပြုချက်မရှိပဲ
တခြားသူယူတာကိုမကြိုက်ဘူး .
သူငယ်ချင်းအပေါင်းအသင်းဆိုရင်လဲ ဒီလူတွေဆို
ဒီလူတွေပဲ ခင်တတ်တယ်. ဒီလူတွေက တခြားသူအပေါ်မှာ ကိုယ့်ထက်ပိုပြီး အလေးပေးတာမျိုးဆို ခံစားရတဲ့ နာကျင်မှုက
ပြောမပြတတ်အောင်ပဲ.(ချစ်သူရီးစားနဲ့ ပတ်သက်တဲ့ feeling ကတော့ ရီးစားတခါမှ မထားဖူးလို့မသိဘူး)
ကိုယ့်ဘက်ကကျတော့ သူတို့ထက်ပိုပြီး ဘယ်သူ့ကိုမှ အရေးမပေးဘူး.ဘာလို့ဆို သူတို့လဲ ကိုယ်လို့ခံစားနေရမယ် ဆိုတဲ့ အတွေးနဲ့ ကိုယ်က ဆင်ခြင်တယ်.
တခါတလေမှာ ကိုယ်က သူတို့ကို နာကျင်စေတယ်တဲ့. ကိုယ်ကရော ကိုယ်ကရော နာကျင်ရလွန်းလို့ လက်လွှတ်ချင်တဲ့ အထိပဲ.
ဒါပေမဲ့ မလုပ်နိုင်ခဲ့ဘူး. အချိန်ခနလေးနဲ့ လွယ်လွယ်ဖြစ်လာတဲ့ ဆက်ဆံရေးမျိုးတွေမှ
မဟုတ်ခဲ့တာ. ကိုယ့်ကိုလဲ နားလည်ပေးစေချင်တယ်.
ကိုယ်ဘက်ကလဲ အတတ်နိုင်ဆုံး နားလည်ပေးခဲ့ပါတယ် 🖤#friendship
YOU ARE READING
Words,we couldn't say
Roman pour AdolescentsThis is not story or fiction. This is just my hidden feelings. Let me say my unspoken words here. 💔