Suggested Song- Yellow by Coldplay
ခဲသားရောင် တိမ်စိုင်တွေရယ်...
ရုတ်ချည်းလှပသွားတဲ့ မိုးစက်တွေရယ်...
ထီးအဝါလေးရယ်...
☂☂☂အခန်းထောင့်က သစ်သားစားပွဲလေးပေါ်မှာ ချန်းယောလ်ရဲ့ဒိုင်ယာရီစာအုပ်ကလေးရှိနေတယ်။
စာအရေးပျင်းတဲ့ ပတ်ချန်းယောလ်အတွက် ဒိုင်ယာရီစာအုပ်ဆိုတာ ဝယ်ရကောင်းမှန်းကို မသိတဲ့အရာလို့ဆိုနိုင်တယ်။ ဒါပေမယ့် မှတ်မှတ်ရရ 2018ရဲ့ မိုးရွာတဲ့တစ်နေ့မှာ ချန်းယောလ်ဟာ leather အဖုံးလေးနဲ့ ဒိုင်ယာရီကလေးကို ဝယ်ယူခဲ့တယ်။
အဝါရောင်လေးရဲ့အကြောင်းတွေကို မှတ်တမ်းတင်ထားဖို့....။
ဒိုင်ယာရီစာအုပ်ကလေးရဲ့စာမျက်နှာတိုင်းကို '노랑색'ဆိုတဲ့ အဝါရောင်လို့အဓိပ္ပါယ်ရတဲ့ စကားစုကလေးနဲ့စတင်ထားပြီး နေ့စွဲတွေတခုတ်တရမှတ်လို့ သပ်သပ်ရပ်ရပ်ရေးထားတယ်။
ဒိုင်ယာရီကလေးရဲ့ ပထမစာမျက်နှာမှာ Julyလရဲ့နေ့စွဲတစ်ခုက နေရာယူပါတယ်။
☂☂☂
4th July, 2018
ဘူချွန်းမြို့ကလေးရဲ့နေ့လည်ပိုင်းဟာ မိုးသားတိမ်စိုင်တွေကြီးစိုးထားတာကြောင့် ခပ်နွေးနွေးဖြစ်လို့နေတယ်။ ပူစပ်ပူလောင်ရာသီဥတုကို မနှစ်သက်တတ်တဲ့ ချန်းယောလ်လေးကတော့ အကြိုက်ကိုတွေ့လို့။
အပြင်ထွက်ရင် နေပူကြီးနဲ့သိပ်စိတ်ညစ်စရာကောင်း။ ဒီလိုလေးဆိုတော့ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိုက်သလဲ။
ပြည်သူ့စာကြည့်တိုက်ထဲကထွက်လာတဲ့ ချန်းယောလ်ဟာ earphone ကို နားထဲထိုးထည့်လို့ Something just like thisသီချင်းကို ခပ်တိုးတိုးလိုက်ညည်းနေတယ်။ လုံခြုံရေးဦးလေးကြီးဆီအပ်ထားတဲ့ skateboard ကိုပြန်ယူလို့ ခုန်တက်လိုက်ဖို့ကိုလည်း မေ့မနေဘူး။
YOU ARE READING
The Yellow Umbrella (Chanbaek Oneshot)
FanfictionA boy in the rain Holding a yellow umbrella in his golden hands☂