အဆွေမိုးဟာတစ်နေ့လုံးအစွမ်းကုန်ရွာနေပြီးမှ ရုတ်တရက်ကြီးသူမဟုတ်သလိုရပ်စဲသွားပြီး နေရောင်
ခြည် အနည်းငယ်တောင် ဖြာထွက်နေပြန်တယ်။
မိုးရေဥလေးတွေကလဲ စိမ်းစိုစိုသစ်ရွက်ကလေးများဆီမှာ ချစ်စဖွယ်တွဲလဲခိုနေကြသလို ဆေးရုံဝန်းထဲမှာရှိတယ့် မေပယ်သစ်ပင်ကြီးတွေမှာတောင် ရွက်ဝါလေးတွေ ဟိုတစဒီတစ မြင်စပြုလာရပီဖြစ်သည််။
မကြာခင်နွေဦးရောက်တော့မည်လေ...ဆေးရုံပန်းခြံထဲမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ အဘိုးအိုတွေ ၊ အဆော့သန်တယ့် ကလေးငယ်ကို ချော်လဲမှာစိုးလို့ လှမ်းအော်နေတဲ့ မိခင် ၊ ဟိုဟိုဒီဒီပြေးလွှားနေတယ့်ကျန်းမာရေးဝန်ထမ်းတွေ ဒါတွေအားလုံးကို အပေါ်စီးကကြည့်နေတာက ဆေးရုံအပေါ်ထပ်ဆုံး ခေါင်မိုးထပ်မှာရပ်နေတယ့် ကောင်လေးတစ်ယောက်...
ပတ်ခ်ဆောင်းဟွန်း နိုင်ငံ့လက်ရွေးစင် figure skater တစ်ယောက် ...
လေပြေတွေကြားရောယှက်နေတယ့် ဆံနွယ်နက်နက်တွေ . နှဖူးပြင်ပြေပြေလေးအောက်မှာ ပြည့်စုံစွာတည်ရှိနေတယ့် ယောကျ်ားဆန်ဆန်မျက်ခုံးတစ်စုံ. မှိတ်နေတာတောင် ဩဇာအပြည့်ဖြစ်နေလောက်မည့် မျက်ဝန်းတစုံနဲ့ ကြည့်ကောင်းတာထက်ပိုသည့် မျက်နှာအစိတ်အပိုင်းတို့ကို မှဲ့နက်လေးများကဖြည့်စွက်ကာ လှပခြင်းအတိပီးစေသည်
ပြောရရင်ရုပ်ထုတစ်ခုထုဆစ်ထားသလို ဥပဓိရုပ်မျိုးဖြစ်၏။ ဤမျှပြည့်စုံလွန်းတယ့် ယောကျ်ားပျိုရဲ့
မျက်နှာပြင်ဟာ အဘယ်ကြောင့်ခံစားချက်မရှိ အေးစက်ခြင်းအတိဖြစ်နေရသလဲ....ဆောင်းဟွန်း အခုရပ်နေတာကဆေးရုံခေါင်မိုးထပ်အစွန်ဖျားလေးမှာ တစ်လှမ်းလောက်ရှေ့တိုးလိုက်ရင်တောင် ပြုတ်ကျပြီး အရိုးတခြား အသားတခြားဖြစ်သွားနိုင်သည် ဒါမယ့်ထူးဆန်းတာက သူကြောက်မနေခဲ့ဘူး အ့တာထက် လူတွေဟာ သေပြီးနောက်ဘဝမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုပဲ သူပိုပြီးသိချင်မိသည် အဲ့ဒီ့မှာရော သူ့ကိုနာကျင်စေမယ့် စကားတွေရှိဦးမှာလား ၊ ပျော်ရွှင်စရာကောင်းတယ့်မိသားစုဆိုတာရောပိုင်ဆိုင်ခွင့်ရမှာလား ၊ ဒီမှာလိုသူနဲ့ရင်းနှီးနေကျ
ဖြစ်တဲ့ ရှုံးနိမ့်ခြင်းဆိုတာရော ရင်ဆိုင်ရဦးမှာလား ....