3:15pm
3 year anniversary
အတွက် ဟန်မြစ်နားက မှန်လုံအိမ်လေးထဲမှာ
သူ့စိတ်တိုင်းကျအောင်ပြင်ဆင်နေတဲ့ lisa
အားလုံးပြင်ဆင်
ပြီးတော့ သူမရဲ့ long coat အကျီအိပ်ကပ်အတွင်းထဲက
ထုတ်လိုက်တဲ့ ကတီပါ ဘူးအနီလေး
ဘူးလေးကို ဖွင့်လိုက်တော့ ရိုးရိုးရှင်းရှင်းလှပနေတဲ့ စိန်လက်စွပ်လေး တစ်ကွင်း က အခန့်သားနေရာယူထားတယ်"ဒီနေ့ဘဲ လက်ထပ်ခွင့်တောင်းလိုက်ရင်ကောင်းမလား"
"အင်းဒီနေ့ဘဲ တခါတည်း လက်ထပ်ခွင့်တောင်းထားလိုက်မယ်"
တစ်ယောက်တည်းပြောရင်း ဖုန်းကိုထုတ်ကာ
Jen ဆီကို message လှမ်းပို့သည်' jen ဒီနေ့ညနေ6နာရီကျရင် ဟန်မြစ်နားမှာ တွေ့မယ် '
'lisa ya ဒီနေ့ ငါမအားဘူး သွားစရာရှိတယ်'
'မလာမချင်းစောင့်နေမယ်'
message ပို့ပြီး ဖုန်းကို အိပ်ကပ်ထဲပြန်ထည့်ကာ
လာမဲ့အနာဂါတ်မှာ သူနဲ့ ကိုယ်နဲ့ လက်တွဲ သွားမဲ့အကြောင်းကိုတွေးနေမိတယ်
3နာရီခွဲတော့မှာကြောင့် အိမ်ကိုအမြန်ပြန်ကာ
ရေမိုးချိုးပြင်ဆင်ရသည်
လည်ပင်းအရှည် အဖြူဆွယ်တာကိုဝတ်ကာ ပေါ်ထပ်ကို
အညိုရောင် long coat ကိုဝတ်ထားသည်
ဘောင်းဘီကိုတော့ အကျီနဲ့ လိုက်ဖက်စွာ အညိုရောင် စတိုင်ပင်ကိုသာ ၀တ်လိုက်သည် CELINE ကထုတ်တဲ့ရေမွှေးပုလင်းကိုယူကာ တစ်ကိုယ်လုံးအနှံ ဖြန်းလိုက်သည် ပြီးတော့ မှန်တင်ခုံပေါ်မှာတင်ထားတဲ့ ကတီပါဘူး အနီရောင်လေးကို
Long coatရဲ့ ဘေးအိပ်ကပ်ထဲသာထည့်ထားလိုက်သည်
အားလုံးပြင်ဆင်ပြီးတော့ 4:50 ဖြစ်နေပြီ
စားပွဲပေါ်တင်ထားတဲ့ ကားသော့ကိုယူကာ
ကားဂိုဒေါင်ထပ်သို့
escalator (ဓါတ်လှေကား)ဖြင့်သာဆင်းလာသည်
ကားတွေအများကြီးထဲကမှ BMW နောက်ဆုံးပေါ်ဇိမ်ခံကားကိုသာ
ရွေးလိုက်သည်
ကားပေါ်တက်ပြီး ကားစက်နှိုးကာ ကားဂိုဒေါင်ကနေ ထွက်ပြီး
သူ့ရဲ့ဇိမ်ခံအိမ်ကြီးကနေကားမောင်းရင်းထွက်လာလိုက်သည်
ဟန်မြစ်နားက မှန်လုံအိမ်နားရောက်တော့
5:45 ရှိနေပြီ