~Just focus on a new sunrise! Sunset will be your favorite~
ဆောင်းအငွေ့အသက်လေးနဲ့ ဖြာကျနေတဲ့နေရောင်ကြားမှာအိပ်စက်ရတဲ့ခံစားချက်က လူကိုလည်း နွေးနွေးထွေးထွေးလေးဖြစ်နေစေသည်။ ဒီလိုနွေးထွေးမှုရှိတဲ့အရသာကိုကြိုက်နှစ်သက်သူတစ်ဦးကတော့ အခုအချိန်အထိအိပ်မောကျလျှက်ပဲ။
"သားရေ... ထလို့ရပြီ"
တစ်ကယ်ဆို အိပ်ကောင်းနေတုန်းလာနှိုးတာကိုတော်တော်လေးမကြိုက်ပေမယ့် ထရတော့မယ့်အချိန်ရောက်နေပြီဆိုတော့လည်း အပိုစကားမဆိုပဲချက်ချင်းထလိုက်သည်။
"သား... နိုးနေပြီမလား"
"ဟုတ်မေမေလေး... သားနိုးနေပါပြီ"
ကျောင်းသွားဖို့ပြင်ဆင်ပြီးတာနဲ့ အောက်ထပ်ကိုသူဆင်းလာခဲ့သည်။
"ဖေကြီးတို့ရယ်...အထွေအထူးလုပ်ပြီး သားကိုစောင့်နေသေးတယ်။ စားရောပေါ့။ သားကနေ့တိုင်း ဒီလိုနောက်ကျနေတာသိရဲ့သားနဲ့ စောင့်နေသေးတယ်"
"ရှိတာမှ ဒီမိသားစုဝင်လေးသုံးယောက်တည်းကိုသားရယ်... ဘယ်လိုလုပ်ပြီး သားကိုမစောင့်ရမှာလဲ။ စားပြီးမှကျောင်းသွား"
အမေလေးက အဖေ့ကိုယ်စားဝင်ပြောလာသည်။ စားဆိုတော့လည်းစားတာပေါ့။ သူဝင်ထိုင်တော့အမေလေးက ပူပူနွေးနွေးလေးလုပ်ထားတဲ့ပူတင်းကို ယူလာပေးသည်။ စိတ်ထဲတော့နည်းနည်းပျော်သွားပေမယ့် တစ်ပြိုင်တည်း စိတ်မကောင်းလည်းဖြစ်မိသည်။
"သားကြိုက်တတ်လို့ဆိုလို့ မင်းအမေလေးက အစောကြီးထပြီးပြင်ပေးထားတာ"
အဖေကတောင်ပြောလာတော့လည်း သူနည်းနည်းယူစားလိုက်သည်။
"ကောင်းကောင်းစားပါ့မယ်"
"အေး..သား.. အမေလေးလက်ရာကိုမြည့်ကြည့်"
စားကြည့်တော့ အရသာကောင်းပါသည်။ တစ်ခုမတူတာလေးက ကိုယ်မျှော်လင့်နေတဲ့အရသာလို ဖြစ်မနေခဲ့တာလေးပါပဲ။ ဒီလိုတစ်ခုတစ်ခုနဲ့ မတူတာများလာတော့ ရင်ထဲမှာကွက်လပ်ဖြစ်နေတဲ့နေရာလေးတစ်ခုက ပိုပိုကြီးမားလာတာဖြစ်သည်။ ကိုယ်တန်ဖိုးထားတဲ့အရာတွေက ကိုယ်နဲ့မှမမြဲတာဟာ ဘယ်လိုပဲလောကသဘာဝလို့ဆိုဆို ရည်မွန်အတွက်လက်ခံဖို့ခက်ခဲလှပါသည်။
ESTÁS LEYENDO
Rain💛Moon (Completed)
Romance"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...