တစ်ခုသောညချမ်းလေးမှာ ဝရံတာဘောင်ပေါ် ခြေထောက်တွဲလွဲချထိုင်ပြီး လမင်းကြီးကို
ငေးမောကြည့်နေသော ကောင်လေးတစ်ယောက် ။
တွဲလွဲချထားသည့်ခြေထောက်လေးတွေ လှုပ်ရမ်းလို့ လက်လေးကလည်းကြယ်တွေရှိရာဆီ
ရေတွက်လို့နေသည် ။ တစ်ချက်တစ်ချက် နောက်ကိုလှည့်လှည့်ကြည့်ပြီး ။" ကိုကြီး... မိုင်ပြုတ်မကျပါဘူး
အလုပ်အေးဆေးလုပ်ပါ "ပြုတ်ကျမှာစိုးနေသောကိုကြီးက မိနစ်မခြား
ကျွန်တော့်ကိုလှမ်းလှမ်းကြည့်လို့နေသည်ကြောင့်
အလုပ်တွေမပြီးမှာစိုးရသည်။ ကျွန်တော့်အခန်းထဲ ဒီလိုထိုင်ဖို့ဝရံတာမရှိသည်မို့ ကိုကြီးဆီကိုလာကာ
ကြယ်လေးတွေကိုရေတွက်နေမိသည် ။ ကိုကြီးအလုပ်ပြီးမှာကိုစောင့်ရင်း တစ်ခြမ်းသာ ရှိသည့်လမင်းကြီးကိုကြည့်လိုက် ကြယ်လေးတွေ ကိုရေတွက်လိုက်နှင့်လုပ်နေမိသည် ။" မိုင် လေအေးတွေတိုက်တယ်
ကုတင်ပေါ်လာထိုင်တော့ "ကိုကြီးပြောတာကြားပေမယ့် အတွေးက
တခြားမှာလွင့်လို့နေသည် ။ ကျွန်တော် ကိုကြီးဆီကိုရောက်ရောက်လာချင်းနေ့ ။
ထိုနေ့ကိုပြန်တွေးမိလို့နေသည် ။ မျက်နှာတည်ကြီးနဲ့ ကျွန်တော့်ကို စေ့စေ့ကြည့်လာတာတွေ ကျွန်တော် အလုပ်လာလုပ်တာကိုမကြိုက်တဲ့အကြည့်တွေ ။
စကားလဲမပြောပဲနဲ့ သတိလည်းမပေးပဲနဲ့
လူကိုအော်ချင်တိုင်းအော်ခဲ့တာတွေ ။ တစစ
ပြန်တွေးမိတော့ လွမ်းမောရင်ခုန်စရာလေးတွေ ။
မှတ်မိသေးတယ် ကျွန်တော့်ကိုရှိုးလို့မခေါ်လို့
ထရိုက်တော့မယ့်အတိုင်း ဒေါသကထွက်သေး
စိတ်ကမရှည်သေးသည် ။ မောင်းထုတ်တော့ လည်းအသံကျယ်ကြီးနဲ့ ဒေါသကကြီးသေး ။
သူများစက်လှေကားတွေမစီးရဲတော့လည်း
မညှာမတာလုပ်ရက်သူကြီး ။ အင်္ကျီဆိုင်မှာ
အခက်တွေ့တုန်းကလည်း လျစ်လျူရှု နိုင်ရက်သူကြီး ။ ပြန်စဉ်းစားကြည့်သမျှ အသည်းနှလုံးမရှိတဲ့ဒီလူကြီးကိုမှ
ဘာလို့အဲလောက်ချစ်မိခဲ့လဲ ကိုယ်တိုင်တောင်
မသိခဲ့ ။" ပြောစကားဆိုဘယ်တော့မှနားမထောင်ဘူး
မနေနိုင်တဲ့ ကိုယ်ကစိတ်ပူရပြီ "