Radom Part

501 35 4
                                    

Unicode Vers:
ဆောင်း. . . .
မြူနှင်းတွေဝေတဲ့ဆောင်းတစ်ခုလား??
ချယ်ရီခတ်တို့ပွင့်လန်းတဲ့ ဆောင်းတစ်ခုလား??

ဟေမန်ဆောင်းတစ်ခုသာ ကျနော့်ရဲ့ 'ဆောင်း'ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ချက်လေးကိုသာကြားခဲ့ရင် ရယ်နေမိမလား??

-~❄️ဆောင်းရှိရာ ထိုအရပ်❄️~-

ကွန်ဒိုတိုက်ခန်းလေးတစ်လုံးမှာ တစ်ညနေအတွက်တော့ အထီးကျန်စွာဖြင့် ညနေစောင်းအလှများကိုစံစားနေခဲ့သည်။ ကွန်ဒိုလေးအတွင်းတွင်တော့ နေခြည်လှလှလေးတွေကိုမျက်ကွယ်ပြုကာ လိုက်ကာတို့ဖြင့်ပိတ်လိုက်ရင်း အခန်းတွင်း အမှောင်ကျစေကာ ကြားနေရသော အဲကွန်းသံသဲ့သဲ့လေး . . .

ဒုတ်ဆိုတဲ့ အသံယဲ့ယဲ့လေးနဲ့အတူ ပြုတ်ကျလာတဲ့ ဓာတ်ပုံလေးတစ်ခု. . .

ဒီနေ့နဲ့ဆို နှစ်,နှစ်တောင်ပြည့်တော့မယ်. . .
သူနဲ့၊ ဆောင်းခြွေဆိုတဲ့ကောင်လေးနဲ့ တွေခဲ့တာ ဒီနေ့နဲ့ဆို နှစ်,နှစ်ပြည့်တော့မယ်. . . .

December 21ရက်. . .
သူနဲ့စတွေ့တဲ့ December 21ရက်မှာ ထူးဆန်းစွာနဲ့ နှင်းပွင့်တစ်ခတ် လေပြည်မှာမျောရင်း မြေခ,ခဲ့သည်။ မာဖလာနီနီတစ်ချို့လဲ လေးအေးနှင့်အတူတူ နှင်းပွင့်များနှင့် ကခုန်နေခဲ့ရင်း Beethovenရဲ့ ဆွေးမြေ့မြေ့ သံစဥ်အောက် လွင့်မြောနေခဲ့သေးသည်။

နှင်းပွင့်များလွန့်လူးနေဆဲ ငွေမှင်ရောင်ဆံနွယ်တို့ကို ကျနော် ခုချိန်ထိမမေ့နိုင်ခဲ့. . . ။ နှင်းစက်တွေအောက် တွန့်ချိုးစွာပြုံးရယ်နေသော ချယ်ရီရောင်သန်းသည့် နှုတ်ခမ်းပါးပါးကိုလည်း အတွေးထဲမှ မထုတ်နိုင်ခဲ့. . . ။ ကိုယ်တိုင်မထိုးတတ်၊ ထိုးတတ်နှင့်ထိုးထားသော မာဖလာနီနီကို ဝတ်လာတဲ့'ဆောင်း'ကိုလည်း မျက်လုံးထဲမှ မမြင်ယောင်မိတဲ့နေ့မရှိ...။

ထိုနေ့ကပေါ့. . . . သူရဲ့လက်သွယ်သွယ်လေးကို ဆန့်တန်းရင်း ကျနော်ပေးမဲ့ လက်စွပ်လေးကိုစောင့်ဆိုင်းနေခဲ့တာတဲ့. . . ။ ငွေမှင်ယောင်ဆံသားထက် ဖွပေးနေမဲ့ ကျနော့်လက်တစ်ခုကို သူမျှော်လင့်နေခဲ့တာတဲ့. . . ။ နင့်ကျိုးကျိုးပြောလာမဲ့ ကျနော့်စကားသံတစ်ချို့ကိုကော သူစောင့်စားနေခဲ့တာတဲ့. . . ။

ဆောင်းရှိရာ ထိုအရပ်Where stories live. Discover now