အခန်း ၉။ pole star ရုပ်ရှင်ဆုပေးပွဲ
စတူဒီယိုသို့ရှောင်းကျန့်တို့ရောက်တော့ မန်နေဂျာကျင်းဖန်နှင့် ရှောင်ဟိုင်တို့က ရောက်နှင့်နေကြပြီဖြစ်ပြီး stylish ကတော့ မရောက်သေးပေ။
ရိပေါ်လည်း ကြိုစောင့်နေရန် ပြောထားပါလျက် နောက်ကျနေသော stylish ကြောင့် စိတ်ထဲမကြည်။
နာရီတကြည့်ကြည့် လုပ်နေသည့် ရိပေါ်ကြောင့်ပင်လားမသိ။ ၁၅မိနစ်ခန့်အကြာမှာတော့ ရောက်ရှိလာလေတော့သည်။
အိမ်တွင် အစ်မဖြစ်သူကိုပြင်ဆင်ပေးနေရသည့်အပြင် လမ်းမှာယာဉ်ကြောတွေလဲပိတ်သေးတာကြောင့် နောက်ကျသွားရကြောင်း ရှင်းပြနေသူကို တည်တည်ကြီး စိုက်ကြည့်နေသည့် ရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက် ပြုံးမိရသေးသည်။
'ကိစ္စမရှိပါဘူးကျဲရယ်'ဟုပြောရင်း ရိပေါ်ထံမှထွက်လာသည့် အေးစက်နေသည့် လေထုကိုလည်း မသိမသာလေးဖြိုခွဲရပြန်သည်။
ဘာပဲပြောပြော သည်stylish က အစ်မကွေ့ဟွား၏ ညီမတော်စပ်သည်မဟုတ်ပါလားလေ။
ထို့နောက်မှာတော့ သူမက စတင်၍ သူတို့၄ယောက်စလုံးကို တစ်ယောက်ပြီးတစ်ယောက် စတိုင်သပေးလေတော့သည်။
မူရင်းကိုက ချောမောခန့်ငြားသူများပေမို့ ပြင်ဆင်ချိန်က အများကြီးမကြာလိုက်ပါချေ။ ဆံပင်ပုံသွင်းခြင်းနှင့် မျက်နှာကို ခပ်ပါးပါးလေး ပြင်ဆင်ရုံသာဖြစ်သည်။
တစ်ခါမျှသည်လိုပွဲမျိုး မတက်ခဲ့ဘူးသည့် ရှောင်ဟိုင်တစ်ယောက်မှာတော့ ပြင်ဆင်ခြယ်သခံနေရင်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ထို့ကြောင့် ကျင်းဖန်ကပင် ပုခုံးကိုဖွဖွပုတ်ကာ အားပေးရသည်။
ရှောင်ဟိုင်၏စိတ်ထဲ မည်မျှပင် ခုန်ပေါက်လှုပ်ရှားနေမည်ဆိုတာ သူ့ဘာသာ အမှတ်တမဲ့ ပွတ်သပ်နေသည့် လက်ဖဝါးနှစ်ဖက်က သက်သေပြလို့နေသည်။
အမှန်အတိုင်းပြောရလျှင် ကျင်းဖန်သည်လည်း စိတ်လှုပ်ရှားနေမိပါသည်။ ရှောင်းကျန့်နှင့်ရိပေါ် ၂ယောက်လုံးမဟုတ်လျှင်တောင် တစ်ယောက်ယောက်သာ ဆုရလိုက်ပါက မည်မျှပျော်ရွှင်ဖွယ်ရာကောင်းလိုက်မည်နည်း။
YOU ARE READING
မက်မွန်ပွင့်တို့သက်သေတည်၍ (season 2/COMPLETE)
FanfictionဒီBook က ယခင်"မက်မွန်ပွင့်တို့သက်သေတည်၍"ရဲ့ Volume 2 ဖြစ်ပါတယ်။ ယခင်fictionမှာတုန်းကနှစ်ယောက်သား ပြန်လည်ဆုံစည်းခဲ့ကြပြီိတော့ ဒီမှာ ဘယ်လိုတွေ အတိုးချချစ်ကြ၊ rs စာကျွေးကြ၊ roကြ၊ sweet ကြမလဲဆိုတာတော့ စောင့်မျှော်ဖတ်ရှုပေးပါဥ...