🎶မိုးအမ္ဗုန်ငြိုးမာန်ဟုန်ဗျူဟာခင်းပါလို့
သူမညှာတင်းကာပ ညှဉ်းလေပြီ…
နတ်စည်ကထစ်ချုန်း
ငိုချင်သူ အပူကျွမ်းကာလွမ်းရင်ကွဲအောင်
မစဲ…သည်းလိုက်ပါဦး
သည်းလိုက်ပါဦး…🎶ကျောင်းစာသင်ခန်းထဲ၌ဖြစ်သည်။
သည်းကြီးမည်းကြီးရွာသွန်းနေသော မိုးအမ္ဗုန်ကိုငေးကြည့်ရင်း နှုတ်ဖျားမှညည်းဆိုမိတဲ့ သီချင်းလေးဟာ ကျွန်တော့်ဘဝအတွက်တော့ သိပ်ကိုအဓိပ္ပာယ်ပြည့်စုံလွန်းနေသည်။
တက္ကသိုလ်မှာ ကျူတာဆရာတစ်ယောက်ဖြစ်နေသည့်တိုင်အောင် မိုးရွာတိုင်း ဟန်မဆောင်နိုင်စွာမျက်ရည်ကျတတ်တဲ့ ကျွန်တော့်ရဲ့မရင့်ကျက်မှုအား ကိုယ်တိုင်,အားမလိုအားမရဖြစ်မိသည်။
ကျောင်းဆောင်အပြင်ဘက်မှာ သည်းကြီးမည်းကြီးရွာသွန်းနေတဲ့ မိုးရေစက်တွေကိုငေးကြည့်ရင်း ကျွန်တော့်ရဲ့မျက်ဝန်းမှသည်လည်း မျက်ရည်မိုးတစ်စက်ဟာကျဆင်း၍လာခဲ့သည်။အဲ့အချိန်က ကျွန်တော်ဟာ တက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ယောက်ပေါ့။
ခက်ခဲကြမ်းတမ်းခဲ့တဲ့ဘဝပေးသင်ခန်းစာတွေကြောင့် ကျွန်တော်စာကြိုးစားခဲ့တယ်။ဒီလိုစာကြိုးစားတဲ့ကျွန်တော့်မှာ သူငယ်ချင်းဟူ၍ မယ်မယ်ရရမရှိခဲ့ပါဘူး။
ကျွန်တော်ကိုယ်တိုင်ကလည်း ပေါင်းသင်းဆက်ဆံရေးမှာအားနည်းတာကိုဗျ။
ဒီလိုပေါင်းသင်းဆက်ဆံရေးမှာ ညံ့ဖျင်းတဲ့ကျွန်တော့်ကို ကျောင်းကလူတွေက စာရူးဂေါက်ကြောင်လို့ ကင်ပွန်းတပ်ပေးထားကြသေးတာ။
ဒါတွေကိုကျွန်တော်ဂရုမစိုက်နိုင်ပါဘူး။
ကျွန်တော်ငတ်နေရင် သူတို့က,လာကျွေးမှာမှမဟုတ်တာ။ဒါ့ကြောင့် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းတဲ့ကျွန်တော့်မှာ သူငယ်ချင်းမရှိခဲ့ဘူး။အဲ့နေ့က မိုးရွာတယ်ဗျ။
ရွာတာမှ သည်းကြီးမည်းကြီးကိုရွာတာ။
လောကရှစ်ခွင်မှာ အမှောင်ကျပြီးကို သည်းကြီးမည်းကြီးရွာတာ။
မနက်ကကျောင်းလာတော့ မိုးမရွာလောက်ပါဘူးအထင်နဲ့ ထီးယူမလာခဲ့မိတာ ကျွန်တော့်အတွက် မဟာအမှားတစ်ခုပါပဲ။
ထိုနေ့က ကျွန်တော်သာ ထီးယူလာခဲ့ရင် သူနဲ့ကျွန်တော်လည်း ဆုံစည်းဖြစ်ခဲ့မှာမဟုတ်ဘူး။
သူလည်းကျွန်တော့်ကြောင့်…
YOU ARE READING
Short StoryOneshot လေးတွေပါ။