Chapter - 51.2

4.3K 944 23
                                    

Unicode

ဆော်လမွန်ကြက်ဥအနှစ်သုပ် - ၂
_______

လင်ရှုယီက ဒါကို လေးလေးနက်နက်စဉ်းစားနေကာ သူ့ရဲ့အတွေးနဲ့ရှုထောင့်တွေကြား လက်ပစ်ကူးနေပြီးမှ ရှန်ဖူ့မျက်လုံးတွေထဲ စူးစိုက်ကြည့်ကာ သူ့အဖြေကိုပြတ်ပြတ်သားသားဆိုလာ၏။

"အခုတော့ ကျွန်တော်က ကျွန်တော့်အမြင်ကိုပဲဆက်ထိန်းထားဦးမှာပဲ။ တစ်ယောက်ယောက်ကိုချစ်တာက ဘာမှမမှားသလို သိမ်ငယ်နေဖို့မလိုဘူး။ ပြီးတော့ တစ်ယောက်ယောက်ကပြောလိုက်တာလေးကြောင့်နဲ့ လက်လျှော့စရာလည်းမလိုဘူး။ တစ်ယောက်ယောက်ကိုချစ်တာက ဘယ်တုန်းကမှ နိမ့်ကျသိမ်ငယ်တဲ့အရာမဟုတ်ဘူး၊ ဒါပေမယ့်..."

"ဒါဆို ကိုယ် မင်းကိုချစ်တာကို မင်းလက်ခံတယ်ပေါ့?"

ရှန်ဖူက လင်ရှုယီကိုဖြတ်ပြောသည်။ လင်ရှုယီ မတုန့်ပြန်နိုင်ခင်မှာပင် သူက စားပွဲတစ်ဖက်စွန်းမှာဝင်ထိုင်လိုက်၏။

"ဒါကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ရေရှည်တိုက်ပွဲဝင်ဖို့ပြင်ထားပြီးသားပဲလေ။"

လင်ရှုယီ : ...ဘာလို့ စကားပြောလို့ပြီးအောင် မစောင့်တာလဲ...

သို့သော်လည်း ရှန်ဖူက သူ့ရှေ့မှာရှိနေတဲ့အဖုံးကို လှပ်လိုက်ပြီးဖြစ်၏။ လက်ရာမြောက်လှတဲ့စားချင်စဖွယ်ဟင်းပွဲက လင်ရှုယီရှေ့မှာပေါ်လာသည်။ ရှန်ဖူက ခေါင်းမော့လိုက်သည်။

"စားကြည့်၊ ဆော်လမွန်ကြက်ဥအနှစ်သုပ်။"

"ဆော်လမွန်လား?"

သူမှတ်မိပြီ၊ သူ အရင်က စားဖူးတာပဲ။

လင်ရှုယီမှာ သူ့ရဲ့အစားမက်မှုက နှစ်စက္ကန့်အတွင်းအနိုင်ယူတာခံလိုက်ရသဖြင့် ဒေါသထွက်လာလေ၏။ သူက တကယ့်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုအကြောင်းပြောနေတာလေ!! သို့သော်လည်း ရှန်ဖူကတော့ စကားဆက်ပြောချင်ပုံမပေါ်ပေ။ လင်ရှုယီပင် အခုလေးတင်ဖြစ်သွားတဲ့ကိစ္စအားလုံးက သူ့အတွေးသပ်သပ်ပဲလားဆိုတာ သံသယမဝင်ဘဲမနေနိုင်တော့ချေ။ ရှန်ဖူက သူ့ကိုချစ်နေတယ်လို့ တကယ်ကြီးပြောခဲ့တာလား?

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now