" ကျွန်တော်ချစ်ရသော ထိုကောင်လေး " Part ( 12 )

236 18 2
                                    

''ကျွန်တော်ချစ်ရသော ထိုကောင်လေး''

*****အခန်း ( ၁၂ ) *****

''ခွန်းဆက် ''

''ဗျာကိုစစ် ''

''ခဏလေးနေလျှင် ကိုယ့်ရဲ့သူငယ်ချင်းတွေအိမ်လာလည်မယ် သူတို့ကအရင်ကတည်းက ဝင်ထွက်နေကျဘဲ အခုသူတို့လာလည်လျှင် ကိုမင်းနဲ့မိတ်ဆက်ပေးမယ် ''

''အဆင်ပြေပါ့မလားကိုစစ်''

''မပြေစရာဘာရှိလို့လည်းကွ''

''မဟုတ်ပါဘူး ကိုစစ်သူငယ်ချင်းတွေက ကျွန်တော့်ကို ခင်ချင်မှခင်မှာပါလေ''

''အဲ့နှစ်ကောင်က အရမ်းခင်တက်တာ နောက်မှရင်းနှီးသွားပြီး ငါ့တောင်မင်းမေ့သွားဦးမှာ''

''ဟာ မေ့စရာလား ကိုစစ်ကို''

''ပြောလို့ရမလားကွ''

''တစ်အိမ်တည်းနေနေရတာ ဘယ်လိုမေ့မှာလဲ''

''အေးပါ သူတို့လာလျှင် သူငယ်ချင်းတွေလိုဘဲ လွတ်လွတ်လပ်လပ်နေနော် မင်းကြည့်ရတာ ကိုယ်တိုအိမ်မှာမပျော်သလိုဘဲ ကြိုးစားပြီးဟန်ဆောင်နေနေရသလိုဘဲကွာ ''

''မဟုတ်ပါဘူး နောက်တော့နေသားကျသွားမှာပါ''

''အဲ့နောက်တော့က ဘယ်တော့လဲ အခုဘဲ ရောက်တာ တစ်လပြည့်တော့မယ် ကြည့်လိုက်လျှင် အေးတိအေးစက်နဲ့ ''

''မဟုတ်ရပါဘူး ''

''အိုကေလေ ကိုယ်လိုတာလေးတွေသွားဝယ်လိုက်ဦးမယ် မေမေတို့မရှိတုန်း နည်းနည်းလေးခိုးကဲမလို့ ''

''ဟင်ပြောတော့ သူတို့ကဝင်ထွက်နေကျဆို''

''အေးလေ''

''အဲ့တာဆိုခိုးကဲမယ်ဆိုတာက ''

''မလေး မင်းကိုပါငါကြောက်နေရတော့မှာလား ငါကမေမေတို့မသိအောင် ဘီယာခိုးသောက်မလို့ ရှင်းပြီးလား''

''ဟိဟိ အဲ့လိုလား''

''အေး ဟိဟိလုပ်မနေနဲ့ မေမေတို့ပြန်လာလျှင်ပြန်မပြောနဲ့နော် ''

''ဟုတ်ကဲ့ပါ''

''အေး ပြန်ပြောလို့ကတော့ မင်းငါနဲ့တွေ့မယ်''

" ကျွန်တော်ချစ်ရသော ထိုကောင်လေး " ( Completed )Tempat cerita menjadi hidup. Temukan sekarang