Part - 71💖🌟{Unicode☆☆}

118 10 0
                                    

ဒီည​မှာ..ကြယ်​တွေသိပ်မလင်း​ပေ....။
တစ်ခြမ်းထဲ​သော လမင်းကြီး​ကတော့...တတ်နိုင်သလောက် အလင်းဖြာ​ပေး​နေ၏....။
ကောင်းကင်ကြီးကပဲ အထီးကျန်​နေသည်လား...??
ကြည့်​နေသည့်သူကပဲ အထီးကျန်​နေခြင်းလား....??
လမ်းမကြီးတ​စ်​နေရာ၏​ဘေး..လူသူကလည်းရှင်းလင်းသည်...။
နာကျင်မှု​တွေကို​ဖျေ​ဖျောက်ဖို့......ဘုန်း​နေ​သော် ဘီယာဘူးကိုကိုင်လျှက်...

"အားး....ဆိုးလိုက်တဲ့ဘဝကွာ...ဟမ်..သောက်ကျိုးနဲဘဝ...ဂျပန်ပြည်ကြီး​ရေ....မင်းဆီက ထွက်လာမိတာ ငါမှားတယ်ကွာ...ငါ​သောက်ရူး..."

တစ်​ယောက်ထဲ​ပေါက်ကွဲ​နေရင်း...လက်ထဲမှ မြည်လာ​သောဖုန်းလေးကို ကြည့်​လိုက်တော့..."ကြယ်စင်..." တဲ့

"အဟက်...မမကြယ်စင်...မမက​ရော ကျွန်​တော့်ဆီကို ဘာလို့လိုက်လာတာလဲ...ကျွန်​တော်က မမနဲ့မတန်ပါဘူး...ကျွန်​တော့်ဆီမလာပါနဲ့..."

မြည်​နေသည့်ဖုန်းသံ​လေး..ရပ်တန့်သွားသည်...။ကြယ်စင်၏ဖုန်းကို ချလိုက်ပြီး...တစ်ခြားသူတစ်​ယောက်ဆီသို့ လှမ်းဆက်လိုက်၏...။

"ကိုမင်းရဲမာန်....."

---------------------------------------------

မင်းရဲမာန်...ချက်ချင်းပင် ကား​သော့ဆွဲကာ အိမ်​ပေါ်ထပ်မှဆင်းလာသည်....။

"ဘယ်ကိုလဲ သား.."

မိခင်ဖြစ်သူ၏အ​မေး​ကြောင့် လှည့်ကြည့်လာပြီး...

"ကျွန်​တော် အပြင်ခဏသွားမလို့.."

"သား...သားကို​အ​မေ ပြောစရာရှိတယ်.."

မင်းရဲမာန် နား​ထောင်​နေလိုက်သည်...။
အ​မေဖြစ်သူဆီမှ ဘာစကားမှထွက်မလာ...။

"ပြော​လေ အ​မေ.."

"ဟို...သားပြန်လာမှပဲ အေး​အေး​ဆေး​ဆေး​ပြော​တော့မယ်..."

"အင်း..."

မင်းရဲမာန် ထွက်သွား​တော့...ဒေါ်နန်းမာလာ သက်ပြင်းရှည်ကြီးကိုချရင်း....

"အ​မေ ဘယ်လို​ပြောရမလဲကွယ်...သားနဲ့အခုမှအဆင်​ပြေစပဲရှိ​သေးတာ...ဒီအ​ကြောင်း​တွေသာပြောပြရင်...သား..သား အ​မေ့ကို မုန်းမှာလားဟင်...အ​မေ့ကိုနားလည်​ပေးဖို့​ပဲမျှော်လင့်မိတယ် သားရယ်...."

⚠BECAUSE...⁉   {U+Z} (Completed)Where stories live. Discover now