မနက်ခင်း နေရောင်ခြည် မျက်နှာကို လာနှုတ်ဆက်တော့မှ နိုးထလာတဲ့ ရှောင်ကျန့်~~~
ညတုန်းက အိပ်နေတဲ့ ရိပေါ်ကို ခိုးနမ်းရတာနဲ့ အစိတ်အပိုင်းတစ်ခုစီကို မြတ်မြတ်နိုးနိုး မှတ်သားနေရတာနဲ့ အတော်ကြာ အိပ်မပျော်ခဲ့
အိပ်ရာဘေးက စားပွဲလေးအပေါ်မှာတော့ စာလေး တစ်စောင်
"ကျန့်ကော~~~ လေလံပွဲမှာ တွေ့မယ်နော်~~~ ကော မနိူးသေးတာနဲ့ ကျတော် အရင်ပြန်သွားတယ်~~~ ကျန့်ကော အိပ်ရေးပျက်မှာစိုးလို့~~~ see you နော်~~~"
စာလေးဖတ်ပြီး ရှောင်ကျန့် ပြုံးလိုက်သည်~~~
တစ်နေကုန် မတွေ့ရဘဲ ရှောင်ကျန့် နေနိုင်မယ် ထင်လား~~~
ပြီးတော့ မနက်က ရိပေါ်သူ့ကို ခိုးနမ်းနေခဲ့တာရော မသိဘူး ထင်နေလား~~~
No No~~'
ရိပေါ်ရှိရာ အလုပ်ကို လိုက်ကို သွားအုန်းမှာ~~'
သူ့စုံထောက်လေးရဲ့ အရှက်သည်းနေပုံကို အူယားလွန်းလို့ကို တမင် သွားတွေ့မှာ~~
အကြံဇိုးကြီးနဲ့ ရှောင်ကျန့်ဟာ စာလေးကို ချလို့ ရေချိူးခန်းထဲသို့ ဦးတည်လိုက်တယ်~~~
တစ်ဖက်မှာတော့~~~
ညက နမ်းခဲ့မိတဲ့ အဖြစ်ကြောင့် ရှက်နေတဲ့ ရိပေါ်ဟာ သူ့ကျန့်ကော ရင်ခွင်ထဲမှာ အိပ်ချင်ယောင်ဆောင်နေတော့သည်~
ဒီလို စိတ်လှုပ်ရှားစရာ သိပ်ကောင်းတဲ့အခြေအနေမှာ အိပ်ပျော်ရအောင် ရိပေါ်က အရူးလား~~
ဒါကို သူအိပ်ပျော်နေတယ် ထင်ပြီး သူ့မျက်နှာ တစ်ခုလုံး တမွမွ နမ်းနေတဲ့ ရှောင်ကျန့်ကြောင့် သူ့ကျန့်ကောရင်ခွင်ကနေ အငွေ့ပြန်ပြီးတော့သာ ပျောက်သွားချင်တော့တယ်~~~
သူအေးမှာစိုးတာကြောင့်လား အားရပါးရ မွချိ လုပ်ပြီးလို့လား မသိ
အိပ်ခန်းထဲထိ ပွေ့ချီသွားတော့ကို ရိပေါ် အိပ်မပျော်သေးပါ~~~
သူ့ကို အိပ်ရာပေါ် ချပြီး ထွက်သွားဖို့ပြင်နေတဲ့ ဒီရင်ခွင်ကြီးထဲကနေလဲ ရိပေါ် ထွက်သွားချင်စိတ်မရှိသေးဘူး~~~