Chapter.3

2.9K 241 0
                                    

နှစ်တွေသာကြာသွားတယ်ကိုကိုကတော့မင်းကိုမေ့မရပါဘူး...မင်းကိုအမြဲသတိရနေခဲ့တာငါ့ရဲ့ကလေးလေးအခုဆိုဘယ်ကောင်မလေးကိုရင်ခွင်ထဲထည့်ပြီးဆိုးနေဦးမလဲ...

"စိုးရိမ်ရတဲ့အချိန်ကိုကျော်ဖြတ်နိုင်သွားပါပြီ...မကြာခင်သတိရလာပါလိမ့်မယ်..."

"ကေျးဇူးတင်ပါတယ်ရှင်...တကယ်ကိုကျေးဇူးတင်ပါတယ်..."

"ရပါတယ်ဗျ..."

အပြုံးချိုချိုလေးနဲ့ဒေါက်တာရှောင်းဟာဆေးရုံရဲ့အလှလေး...လူတိုင်းကသူ့ကိုချစ်တယ်...စကားပြောလဲပြေပြစ်သလိုစိတ်ရှည်သည်းခံတတ်တဲ့သူကခွဲစိတ်ကုသရာမှာလဲကျွမ်းကျင်လှတယ်....

"ဟေ့ကောင်..ရှောင်ကျန့်..."

"ကျန်းချန်လာလေဝင်ခဲ့..."

ခွဲစိတ်ပြီးလို့အခန်းထဲအနားယူနေတုန်းဆေးကျောင်းတူတူတက်ပြီးအခုလဲဆေးရုံတခုထဲတာဝန်ကျတဲ့သူငယ်ချင်းဖစ်သူကျန်းချန်ကိုလှမ်းခေါ်လိုက်တယ်....

"ငါ့ကိုရှီးချန်ကောကတွေ့ဖို့ချိန်းတယ်.."

"အဆင်ပြေတာပေါ့ကွ..သွားတွေ့လိုက်လေ..မင်းတော့စွန်ပြီထင်ပါရဲ့ကွာ..."

"ငါ့ကိုပဲပြောမနေနဲ့မင်းရောမရှာတော့ဘူးလား...ရှာစရာတောင်မလိုပါဘူးကွာကြိုက်တဲ့သူရွေးလိုက်ရုံပဲဟာ.."

ရှောင်ကျန့် ကျန်းချန်ရဲ့အပြောကိုခေါင်းလေးခါပြီးရီလိုက်တယ်....

"ငါ​ဘယ်သူ့ကိုမှမချစ်နိုင်လောက်ဘူး...ကဲပါပြန်တော့မယ်မင်းလဲအဆင်ပြေပါစေ..သူ့ဘက်ကဖွင့်မပြောရင်မင်းပဲပြောလိုက်တော့..."

"အေးဒီတခါတော့ငါလဲလက်လွှတ်မခံတော့ဘူးကွ..ဟားဟား.."

ရှောင်ကျန့်တို့အိမ်ရဲ့နောက်လမ်းကမှောင်တယ်လူပြတ်တယ်တခါတလေကလေးဆိုးလေးတွေကဆေးလိပ်လာခိုးသောက်တတ်သေးတယ်...အဲ့ဒိကလေးတွေကိုမြင်ရင်ကျောင်းခေါင်မိုးထပ်မှာဆေးလိပ်ခိုးသောက်တဲ့မင်းကိုလွမ်းမိသား....

"တောင်းပန်ပါတယ်..အသက်ကိုချမ်းသာပေးပါ..အား..."

ထိုအနောက်ဘက်လမ်းမှအသံကြားတာကြောင့်ရှောင်ကျန့်အိမ်ထဲမဝင်ဘဲလမ်းနားကိုပုံးပြီူသွားကြည့်လိုက်တယ်...

Forever and a day(completed)Where stories live. Discover now