Ep2~The day I met you~

3.1K 142 7
                                    

~When our eyes met, I look at you because I want you to see my feeling~

"သား... အစောကြီးပြန်ရောက်လာတာပဲ"

"ဟုတ်ကဲ့အမေလေး"

"သားအပေါ်တက်တော့မယ်နော်"

"အေးအေး..သား"

ရည်မွန်အိမ်ပြန်ရောက်ရောက်ချင်း လူက​တော်​တော်​လေးငိုက်​တောနဲ့ တစ်ကိုယ်လုံးကိုအိပ်ရာထဲပစ်လှဲချလိုက်သည်။ တစ်ရေးနိုးတော့ အချိန်တော်တော်လေးတောင် လင့်နေပြီ။ ​ရေမိုးချိုးညစာစားပြီး ခြံထဲလေညင်းခံဖို့ထွက်လာရင်း ဂိုထောင်ဘက်ကနေ အသံတစ်ခုကိုရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ တော်တော်တော့မှောင်နေပြီမို့ နည်းနည်းလေးလန့်စရာ​ဖြစ်​နေပေမယ့် အနားတိုးပြီးသွားကြည့်ဖို့ လုပ်လိုက်သည်။

'"ညောင်...."'

ဒါပေမယ့် ရည်မွန်မြင်လိုက်ရတာက ကြောင်တစ်ကောင်ဖြစ်နေသည်။ ခြံဝန်းဂိုထောင်ရဲ့တံခါးရှေ့မှာ မိန့်မိန့်ကြီးရှိနေသည်။ ကြောင်လေးက အဝါရောင်တောက်တောက် အ​​မွှေးပွပွလေးနဲ့မို့ ချစ်စရာလေး။

'"ညောင်"'

"မင်းဘယ်ကနေမျက်စိလည်လမ်းမှားပြီးရောက်လာတာတုန်း။ တစ်ကိုယ်လုံးလည်းပေတူးနေတာပဲ။ နည်းနည်းလေးမှချစ်ဖို့မကောင်းဘူး"

ကြောင်ကို သူကောက်ပွေ့ချီလိုက်သည်။ ပြီးတော့ လူတစ်ယောက်ကိုစကားပြောနေသလို တရစပ်ပြောနေမိသည်။ ဒီလိုနဲ့ မရောက်ဖြစ်တာကြာတဲ့ ဂိုထောင်အ​ဟောင်းရှေ့ကို​ သူပြန်​ပြီးရောက်လာခဲ့သည်။

"မင်းကငါ့ကိုဒီရောက်အောင်ခေါ်လိုက်တာပဲ။ ဒီကိုတကူးတကမလာဖြစ်တာတောင်ကြာပြီ"

ဂို​ထောင်အခန်းတံခါးဖွင့်လိုက်တော့ ဖုန်တွေအလိမ်းလိမ်းနဲ့ လူမရောက်ဖြစ်တာ​ကြာမှန်းသိသာလှသည်။ အမေ့အသုံးအဆောင်တွေ၊ အမေတန်ဖိုးထားတဲ့ပစ္စည်းလေးတွေကို တော်တော်ကြာမှပြန်တွေ့လိုက်ရတော့ အမေရှိနေသေးတယ်လို့တောင် ရည်မွန်ခံစားရသည်။ ငယ်ငယ်ကလိုမျက်ရည်ပေါက်ပေါက်ကျပြီး ငိုမနေမိတော့ပေမယ့် အခုထိဝမ်းနည်းမှုကတော့ ပျောက်ကွယ်မသွားသေးဘူး။

Rain💛Moon (Completed)Where stories live. Discover now