Unicode
Zawgyi
.
.
.
၇ လခန့်ကြာသောအခါကိုကိုအလုပ်ထဲပြန်ဝင်နေပြီဖြစ်သလို
ယံယံလည်းOrderပြန်လက်ခံနေပြီ။နှစ်ယောက်လုံးကအလုပ်နဲ့မို့ တစ်ခါတလေ သားသားလေးကိုကုမ္ပဏီခေါ်သွားရသည်။
ဝန်ထမ်းတွေကလည်း သားသားလေးကိုဝိုင်းချစ်လို့မဆုံးနိုင်တော့။
ဇွဲဇွဲလေး ဇွဲဇွဲလေး ဆိုပြီးအားလုံးရဲ့ပါးစပ်ထဲနေရာယူထားသည်အထိ သားသားလေးက လူတကာရဲ့အချစ်ကိုရယူနိုင်သူဖြစ်သည်။
သားသားလေးရဲ့နာမည်အပြည့်စုံသည်
ဇွဲသက်တန့် ဖြစ်၍အားလုံးကတော့
ဇွဲဇွဲလေး လို့သာခေါ်ကြသည်။ဒေါ်လေးကတော့ လွန်ခဲ့တဲ့ငါးရက်တုန်းက ဆုံးသွားခဲ့ရှာပြီ။
ဒေါ်လေးတဖြည်းဖြည်းပိန်သွားတာကို
ယံယံတို့သတိထားမိသည့်နေ့မှစ၍ နေ့တိုင်း ဆေးရုံဆေးခန်းသွားပြပေးသော်လည်းအရာရာအားလုံးက နောက်ကျသွားခဲ့ပြီ။ဘယ်လောက်ပင်ပိုက်ဆံအများကြီးပေးနိုင်ပေမယ့် ဆရာဝန်တွေလက်လျှော့သွားပြီဆိုရင် သဘောပေါက်ရတော့မှာပဲ။
ကိုယ်ဝန် ခဏခဏပျက်ကျတဲ့ဒဏ်ကိုခံခဲ့ရတဲ့ မိန်းမသားတစ်ယောက်
ကိုယ်ဝန်သည်တစ်ယောက်ရဲ့လိုအပ်တဲ့အာဟာရတွေ လုံးဝမရှိတဲ့မိန်းမသားတစ်ယောက်
အနားမှာဘယ်သူမှရှိမနေလို့ ကိုယ်ဝန်ပျက်ကျနေချိန် သွေးသွန်မှုကိုပြင်းပြင်းထန်ထန်ခံနေရတဲ့မိန်းမသားတစ်ယောက်
အကူညီမဲ့နေ၍ဘာဆေးဝါးကုသမှုမှမရခဲ့တဲ့မိန်းမသားတစ်ယောက်တစ်ကိုယ်လုံးကို CTရိုက်ကြည့်လိုက်တော့
ဆရာဝန်ကအရာအားလုံးနောက်ကျသွားခဲ့သည်ပြော၏။သားအိမ်နေရာ၌ပြည်တည်နေပြီး ဆီးသွားရင် သွေးအမြဲပါတတ်သည်။
ဆီးပိုးရှိနေသည့်အပြင် သွေးတွေကလည်းမသန့်တော့ဘဲ အညိုရောင်ပြောင်းချင်လာပြီ။
ဒါကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်နှစ်နှစ်
ကကုသမှုခံယူခဲ့ရင် ကလေးမမွေးနိုင်တော့တာကလွှဲလို့ ကျန်တာအဆင်သွားပြေလိမ့််မည်ဆိုပြီးဆရာဝန်ကပြောပေမယ့် ထိုအချိန်မှာဒေါ်လေးအနားယံယံမှရှိမနေဘဲ။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...