~Damn, his voice! I can't describe the feeling I get when I hear his voice~
"Team Presentation ကစာမေးပွဲအမှတ်ရဲ့တစ်စိတ်တစ်ပိုင်းနော်။ သေချာလုပ်"
ဒါကျက်ဒါဖြေဆိုတဲ့စနစ်ကနေခွဲထွက်လာတော့ လူငယ်တွေက အနည်းငယ်မျက်စိပွင့်နားပွင့်ဖြစ်လာသည်။ ကျောင်းသူကျောင်းသားအားလုံးက တက္ကသိုလ်ရောက်ပြီဆိုတော့ စာကြီးပဲကုန်းရုန်းဘယ်ကျက်နိုင်တော့မလဲ။ ကျောင်းအတွင်းမှာလှုပ်ရှားနေတဲ့ Activities တွေများတော့ အဲ့ဒီကနေ အမှတ်တွေကောင်းကောင်းယူနိုင်တယ်ဆိုပေမယ့် ကြိုးစားအားထုတ်မှုတော့လိုအပ်တာပေါ့လေ။
"ဘယ်လိုတာဝန်ခွဲမလဲ"
"မသိဘူးလေ"
"အေး...ဟုတ်တာပေါ့။ မသိဘူးပဲ"
အမှတ်ရတာကိုဂရုမစိုက်အားပဲ သူကိုယ်တိုင်ကခေါင်းဆောင်ဖြစ်နေတော့ တာဝန်ခွဲဖို့ခေါင်းကိုက်နေသည်။
"ဒါဆို... ဒီလိုလုပ်။ ငါစဥ်းစားထားတာက မိန်းကလေးသုံးယောက်ကကွာ... စာခွဲရှာပြီးတော့ ငါတို့ယောကျ်ားလေးနှစ်ယောက်ကိုပို့ပေး။ ကျန်တာ ငါတို့တွေကြည့်လုပ်လိုက်မယ်။ PowerPoint လုပ်ပြီးရင် မေးလ်နဲ့အားလုံးကို ပြန်ပို့လိုက်မယ်။ ပြီးရင်တော့ အဆင်ပြေမပြေပြန်ပြောကြမယ်လေ။ အဲလိုဆိုရင်ရော ဘယ်လိုသဘောရလဲ"
"အေး...ကောင်းတာပဲ။ လိုအပ်မယ်ထင်သမျှတွေကို ငါတို့မိန်းကလေးသုံးယောက်တာဝန်ထားလိုက်"
"ကျေးဇူးပဲ"
အားလုံးအဆင်ပြေတယ်နော်လို့ အတည်ပြုပြန်မေးတော့ သူ့ဘေးကရေခဲတုံးက ပြန်တော့ဖြေပေးပါသည်။ ဒါပေမယ့် ပါးစပ်တောင်မဟဘဲ 'အင်း' တဲ့။
"ဒါဆိုရင် ပြီးပြီပေါ့နော်။ ဘယ်နေ့နောက်ဆုံးပို့ရမလဲ"
"အချိန်ရသေးတော့ အေးဆေးလုပ်လို့ရသေးတယ်"
"ဒါဆို Group တစ်ခုထောင်လိုက်မယ်။ မေးစရာရှိတာတွေ ပို့စရာရှိတာတွေ အဲဒီကပဲလုပ်ကြတာပေါ့"
"ရတယ်"
Group ထဲကိုအားလုံးရောက်ပြီးကြပေမယ့် ကိုရေခဲတုံးကျန်နေသေးသည်။ စကားသွားပြောရတာလည်း တစ်မျိုးကြီးခံစားရလို့ ရည်မွန်နည်းနည်းနေရခက်နေသည်။
YOU ARE READING
Rain💛Moon (Completed)
Romance"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...