🤍💚 မရဏတော 💚🤍
နံနက်ခင်းကအစပြုလို့ မိုးစုန်းစုန်းချုပ်သည်အထိ ကားသံ လူသံတွေနဲ့ဆူညံလှုပ်ရှား လျက် စည်းကားလှတဲ့ မြို့ပြလူနေမှုဘဝကို လှစ်ပြထားသည် ။
ကမ္ဘောဒီးယားနိုင်ငံ ၊ ဖနွမ်းပင်မြို့
ကမ္ဘောဒီးယားနိုင်ငံသည် တစ်ခေတ်တစ်ခါက ဗုဒ္ဓသာသနာ နဲ့ ဟိန္ဒူသာသနာ နေလိုမီးလို ရောင်ဝါထွန်းလင်းတောက်ပခဲ့တယ်ဆိုတာ Wat Phnom ( ဝက်ဖနွမ် ) ဗုဒ္ဓဘုရားကျောင်း နဲ့ ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်းဖြစ်တဲ့ Angkor Wat ( အန်ကောဝပ် )ကျောင်းတော် ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည် ။
ဘုရား ၊ ကျောင်းကန် ၊ စေတီပုထိုး စသည့်လှပသေသပ်တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကြောင့် နိုင်ငံခြားခရီးသွားတွေရဲ့ မျက်စိကျစရာနိုင်ငံတစ်ခုဖြစ်သည်။
ယခုဤနိုင်ငံကိုလာရောက်လည်ပတ်ကြသူများမှာ ထိုင်းနိုင်ငံမှ ကျောင်းသားကျောင်းသူအဖွဲ့ ပင်တည်း
Vacation ပိတ်ရက်မို့လို့ အလည်အပတ်ခရီးထွက်လာကြဟန်တူပါသည်။၎င်းကျောင်းသားကျောင်သူအဖွဲ့ မှာ
ယောက်ျားလေး 6 ယောက် မိန်းကလေး
2 ယောက် စုစုပေါင်း ရှစ်ယောက်
အတွဲကိုယ်စီနဲ့လာကြ၏BrightWin
OffGun
GunLove
MikeFilmသူတို့ 7 ယောက်က ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး တက္ကသိုလ်တက်မှ Off က ပုပုသေးသေး နှုတ်ခမ်းထူထူနဲ့ ကလေးလေးမျက်နှာလို ချစ်စရာကောင်းတဲ့ ကောင်လေးကို သူတို့ဘဝထဲ ခေါ်လာခဲ့သည်
ထိုချစ်စရာကောင်လေးက Gun
Bright နဲ့ Win ဟာ ငယ်ငယ်လေးကတည်းက အတူတူကြီးပြင်းလာတဲ့ အိမ်နီးချင်းတွေ
Bright ထက် Win က တစ်လပိုကြီးပေမယ့်
Win ကို ကိုကို ပဲခေါ်ခိုင်းတယ် ဟိုကလဲ မောင်တဲ့Bright က Win သူ့ကိုမောင်လို့ခေါ်ရင် သူမကြိုက်
ကိုယ့်ထက် မဆိုစလောက်လေး ကြီးတာကို ဟိုငတိလေးက သူ့ကိုယ်သူ အသက်ကြီးတယ်ဆိုပြီး ကြုံရင်ကြုံသလို ထုရိုက်တတ်သေး body က ကိုယ့်ထက်တောင့်ပေမယ့် ဘယ်လိုလုပ်မလဲ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးက လုံးဝ ကလေးtype
YOU ARE READING
မရဏတော
Fanfictionကမ္ဘောဒီးယားနိုင်ငံရဲ့ ကျိန်စာသင့်ပျောက်ဆုံးနေသောမြို့ဟောင်းထဲကို အလည်ပတ်ရောက်ရှိသွားတဲ့ ထိုင်းနိုင်ငံမှ လူငယ်တစ်စု တောထဲမှာ ဘာတွေကြုံတွေ့ပြီး ဘာဆက်ဖြစ်မလဲဆိုတာ