°Love Knot °//Vmin//

2.3K 146 36
                                    

မိုးတွေရွာတဲ့တစ်နေ့၊ထိုနေ့ကကျတော်တို့စတွေခဲ့ကြတယ်။
စာအုပ်ဆိုင်လေးရဲ့ချောင်ကြတဲ့ပြတင်းပေါက်တစ်နေရာမှာ စာအုပ်လေးဖတ်ကာအေးစက်စက်ထိုင်နေခဲ့တဲ့ထိုလူ။

ကျတော်သူ့ရဲ့ဘေးနားလေးမှာသွားထိုင်ခဲ့ပေမဲ့
တစ်ချက်လေးတောင်ငဲ့မကြည့်ခဲ့တဲ့ထိုလူက သိပ်ကိုအနေအေးမှန်းစပြီးသတိထားမိခဲ့သည်။
ထိုလူရဲ့မျက်နှာလေးကိုတစ်စိမ့်စိမ့်ထိုင်ကြည့်ခဲ့ရင်း
ထိုနေ့ကအချိန်တွေကိုကုန်ဆုံးစေခဲ့သည်။

နောက်ရက်တွေရောထိုစာအုပ်ဆိုင်လေးမှာသူများ
ရှိနေမလားဆိုတဲ့အတွေး၊ထိုအတွေးကြောင့် နေ့တိုင်း သွားခဲ့ပေမဲ့သူထိုင်ခဲ့တဲ့ပြတင်းပေါက်ကထိုင်ခုံလေးက အဖော်မဲ့လို့နေသည်။

စာအုပ်ဆိုင်ကဝန်ထမ်းအမကြီးကိုမေးကြည့်တော့မှ တနင်္ဂနွေနေ့တစ်ရက်သာလာတတ်သည်တဲ့လေ။
တစ်ဆက်တည်းထိုအမကိုသူ့ရဲ့နာမည်မေးကြည့်တော့ ကျတော့်ရဲ့မြတ်နိုးရာနယ်မြေက Kim Taehyung။

ထိုနေ့ကစ၍ကျတော်ဘဝထဲကိုအချစ်က
မဖိတ်ခေါ်ပါဘဲနဲ့တိုးတိုးတိတ်တိတ်ဝင်ရောက်လာခဲ့သည်။ကိုယ်တိုင်တောင်မှမသိဘဲနဲ့ပေါ့.....။

တစ်ရက်တော့ကျတော့်ရဲ့ကော်ဖီဆိုင်လေးကို သူရောက်လာခဲ့တယ်။ရှာတုန်းကတော့မတွေခဲ့ဘဲ တွေ့ပြန်တော့လဲကျတော်ရဲ့မြတ်နိုးရတဲ့ကော်ဖီဆိုင်လေးမှာ..။

သူနဲ့ကျတော်ရဲ့ဆုံတွေ့မှုတိုင်းကအမှတ်တရဖြစ်လို့နေသည်။

စာအုပ်ဆိုင်တုန်းကလိုအပြင်ကိုမြင်ရသည့်
မှန်သားပြင်နားက စားပွဲကိုသာသူကရွေးချယ်သည်။
ကော်ဖီဆိုင်ကိုလာပြီးနွားနို့ပူပူလေးတစ်ခွက်ကိုသာ မှာသည့်ကျတော်ရဲ့မြတ်နိုးရာလေးကသူများတွေထက်
တစ်မူထူးခြားလို့နေခဲ့သည်။

ထိုထောင့်တစ်နေရာမှာသာစာအုပ်ထိုင်ဖတ်ပြီး အချိန်ကုန်ဆုံးနေခဲ့တဲ့သူဟာ ပတ်ဝန်းကျင်ကို စိတ်မဝင်စားမှန်သိသာလွန်းသည်။ကော်ဖီဆိုင်လေးကို နေ့တိုင်းလာပြီး သူမှာတတ်တဲ့နွားနို့လေးတစ်ခွက်ကို အမြဲသွားသွားချပေးတဲ့ကျတော့်ကိုသူသတိမထားက သက်သေပင်....။

You've reached the end of published parts.

⏰ Last updated: Apr 11 ⏰

Add this story to your Library to get notified about new parts!

Taekook/Vmin one shot collectionWhere stories live. Discover now