Chapter11

675 127 16
                                    

Unicode_
"အစ်ကို ခြေထောက်ကတကယ်သက်သာရဲ့လား"

"ဘာမှမဖြစ်ပါဘူး.. မင်းဒီနေ့အဲ့တာမေးနေတာ အခေါက်နှစ်ဆယ်မကတော့ဘူး .."

"စိတ်ပူလို့ပါ ..Busကားစီးပြီးမပြန်နဲ့တော့ ကျွန်တော့်အိမ်ကကားကိုဖုန်းဆက်ပြီးလာကြိုခိုင်းလိုက်မယ်လေ"

"အိမ်...မင်းမှာအိမ်ရှိတာတော့ မှတ်မိသေးတာလား "

"အစ်ကိုကလည်းဗျာ.. "

"ဒါဆို မင်းအိမ်ကိုလိုက်လည်ရအောင် ..ရမလား"

ကျန်းကျီဟန်မှာ သူ့‌ခြေထောက်က မဖြစ်စလောက်ဒဏ်ရာလေးကိုအသည်းအသန်စိတ်ပူပေးနေတဲ့ ကုန်းကျွင်းကို စနောက်တဲ့သဘောနဲ့
လိုက်လည်မယ်‌ပြောလ်ုက်သည်။
ကုန်းကျွင်းက သေချာစဉ်းစားပြီး

" အဲ့တာက ရတာပေါ့.. ကိုယ့်ကောင်လေးအိမ်ကိုယ်လိုက်လည်တာပဲ ဒါပေမယ့်တစ်ခုတော့ရှိတယ် ကျွန်တော့်ပိုင်နက်မှာဆိုရင်တော့ အစ်ကို့လုံခြုံရေးက သိပ်စိတ်ချရမှာ မဟုတ်ဘူးနော် "

ပြောရင်းဆိုရင်းကျန်းကျီဟန်ကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်တော့
ကျန်းကျီဟန်လည်း ကုန်းကျွင်းဆိုလိုရင်းကိုနားလည်သွားပြီး ။

"မသွားဘူး ..မသွားဘူး ငါသူများအိမ်လိုက်လည်ရတာ ဝါသနာမပါတော့ဘူး "

ကျန်းကျီဟန်သည်အခုတလော ပိုပိုပြီးချစ်ဖို့ကောင်းပြီးရင်းဖြစ်နေသည်။

ကုန်းကျွင်းလည်း သူ့အိမ်က ကားကိုဖုန်းဆက်ပြီးလာကြိုခိုင်းလိုက်သည်။

ကျန်းကျီဟန်နဲ့သူနဲ့အတူ နောက်ခုံမှာဝင်ထိုင်လိုက်ပြီး  အရှေ့မှာ
အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့ အသက်သုံးဆယ်လောက်လူကြီးက
Driverဖြစ်ပုံရသည်။

"သခင်လေး ဘယ်မောင်းမလို့လဲဗျ "

"ငါ့အိမ်ကို မောင်းလိုက်"

"ဟုတ်ကဲ့ "

ကျန်းကျီဟန်မှာစောနက မသွားတော့ဘူးလို့ ပြောထားရက်နဲ့ အခုကုန်းကျွင်းက သူစိတ်ထင်တိုင်း လုပ်ပြန်ပြီ ။

"ငါပြောတယ်လေ မသွားတော့ဘူးလို့"

"ကျွန်တော် အိမ်မပြန်ရတာ ကြာပြီ ..ရှောင်ရဲ့ အဆင်‌ပြေမလား သိချင်လို့ ..စိတ်ချပါ ကျွန်တော်စတာ..အစ်ကို့ကို ကိုက်မစားပါဘူး "

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Donde viven las historias. Descúbrelo ahora